
ရုရှားက accessory ကုမ္ပဏီတစ်ခုဖြစ်တဲ့ Caviar ဟာ ဖုန်းရဲ့ကျောဘက်မှာ ဆိုလာအားသွင်းစနစ်ပါဝင်တဲ့ iPhone X ကို ဒေါ်လာ ၄,၅၀၀ နဲ့ ရောင်းချနေပါတယ်။ Caviar ဟာ အဲဒီ iPhone X ဗားရှင်းကို Tesla လို့ အမည်ပေးထား ပါတယ်။

ရုရှားက accessory ကုမ္ပဏီတစ်ခုဖြစ်တဲ့ Caviar ဟာ ဖုန်းရဲ့ကျောဘက်မှာ ဆိုလာအားသွင်းစနစ်ပါဝင်တဲ့ iPhone X ကို ဒေါ်လာ ၄,၅၀၀ နဲ့ ရောင်းချနေပါတယ်။ Caviar ဟာ အဲဒီ iPhone X ဗားရှင်းကို Tesla လို့ အမည်ပေးထား ပါတယ်။

OPPO ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Realme1 ရဲ့ပထမဆုံးဖုန်းကို Amazon India ကနေ ရောင်းချသွားမယ်လို့ သိရပါတယ်။ Realme1 မှာ စိတ်ဝင်စားဖွယ်ရာ spec တွေပါဝင်သလို ဆွဲဆောင်မှု ပိုရှိတဲ့ Diamond Black ဒီဇိုင်းနဲ့ ရရှိနိုင်ပါတယ်။

ဓာတ်ပုံများစွာ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ Vivo x21i ကို အခုအခါ တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Vivo X21i ဟာ Vivo X21 ရဲ့ဒီဇိုင်းအပြင် hardware နဲ့ feature တွေနဲ့လည်း နီးစပ်မှုရှိပါတယ်။ Vivo X21i ရဲ့ အပြောင်းအလဲတချို့ကတော့ X21 ကလို Snapdragon 660 အသုံးမပြုထားဘဲ MediaTek ရဲ့ Helio P60 အသုံးပြုထားပြီး ရှေ့ကင်မရာကို 12MP ကနေ 24MP အထိမြှင့်တင်ခဲ့ပါတယ်။ ။ Vivo အနေနဲ့ X21i စမတ်ဖုန်းကို selfie အသားပေးစမတ်ဖုန်းအဖြစ် ဖန်တီးခဲ့ပါတယ်။

Price : 347,000
မြင်ကွင်း
မြင်ကွင်းအရွယ်အစားက ၅.၅ လက်မရှိတဲ့ Super AMOLED Screen ကိုအသုံးပြုထားပြီး 720 x 1280 pixels, 16:9 ratio ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားပါ။
နည်းပညာ

စမတ်ဖုန်းထုတ်ကုန်တစ်ခုကို ရွေးချယ်တဲ့အခါမှာ ဒီဇိုင်းပိုင်းက ဘယ်အတိုင်းအတာထိ ကြီးစိုးမှုရှိနေပြီလဲဆိုတာ စဉ်းစားစရာပါပဲ။ ဖုန်းတစ်လုံးကို စတင်မဝယ်ယူခင်မှာ ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးကို တဖြည်းဖြည်းချင်းသိအောင် ကြိုးစားကြတာ ဖြစ်ပေမယ့် ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းပိုင်းကတော့ အဲ့ဒီဖုန်းကိုနောက်ဆုံး ဝယ်ယူမှုအဆင့်ထိရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ အဓိက တွန်းအားတစ်ရပ် ဖြစ်နေပါတယ်။ ဒီဇိုင်းပိုင်းရဲ့ ညှို့ယူဖမ်းစားမှုတွေက နောက်ထပ် ဒီဖုန်းအကြောင်းကို ပိုမိုလေ့လာသိရှိ သွားစေနိုင်အောင်ပါ ဆက်လက်တွန်းပို့ ပေးနေဦးမှာ ဖြစ်ပါတယ်။

Gameloft ကထုတ်လုပ်ထားတဲ့ နာမည်ကြီး ဂိမ်းအမျိုးအစားတွေကို MPT နဲ့ ပူးပေါင်းကာ ဂိမ်းဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီ ဝန်ဆောင်မှုကို တစ်ရက်လျှင် ၂၀၀ ကျပ်နှုန်းနဲ့ gameloft ကထုတ်လုပ်ထားတဲ့ Asphalt, Real Football, Modern Combat, N.O.V.A အစရှိတဲ့ နာမည်ကြီး ဂိမ်းတွေကို ရယူကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်းထဲကနေ တစ်ဆင့် ဂိမ်းထဲမှာပါဝင်တဲ့ In-App Purchase ဝယ်ယူခြင်းကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

မကြာသေးခင်က Android Wear အမည်ကို ပြောင်းလဲခဲ့တဲ့ Google ဟာ Wear OS သုံးထားတဲ့ ကိုယ်ပိုင် ထုတ်ကုန် တစ်ခုကို နှစ်ကုန်ပိုင်းမှာကျင်းပမယ့် hardware event မှာ မိတ်ဆက် သွားဖွယ်ရှိပါတယ်။

Facebook ရဲ့ F8 ကွန်ဖရင့်မတိုင်ခင်မှာ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ Facebook မှာ Clear History လို့အမည်ရတဲ့ feature သစ်တစ်ခုကို ထည့်သွင်းမယ်ဆိုတဲ့ အကြောင်းပါ။ ဒီ tool ကို Facebook ရဲ့ privacy control အတွက် ရှိပြီးသား option တွေထဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်း ဘတ်(စ်)ကားတွေရဲ့ငွေပေးချေမှုကို ကတ်စနစ်နဲ့ပေးနိုင်ဖို့အတွက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ မေလ ၇ ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကနေ သိရတာ ဖြစ်ပါတယ်။
ရန်ကုန်ဘတ်(စ်)ကား ဝန်ဆောင်မှုအတွက် ယာဉ်စီးခပေးချေမှုကို ကတ်စနစ်ပေးချေနိုင်ဖို့အတွက် ဆောင်ရွက် နိုင်မယ့် ကုမ္ပဏီကိုရွေးချယ်ပြီးတော့ အမြန်အသုံးပြုနိုင်ဖို့အတွက် ဆောင်ရွက်နေ တယ်လို့ လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ကျောဘက်မှာ Leica Camera နှစ်လုံးပါဝင်တဲ့ Huawei P20 နှင့် Leica Camera သုံးလုံးပါဝင်တဲ့ Huawei P20 Pro တို့ကို မြန်မာပြည်ဈေးကွက်အတွင်း မေလစတုတ္ထပတ်မှာ စတင် ဝယ်ယူနိုင်မယ်လို့ Huawei Myanmar ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။