
SenseRobot ဟု အမည်ပေးထားသည့် AI စက်ရုပ်အသစ်တစ်ခုနှင့် လူသားစစ်တုရင်ဆရာများ ပထမဆုံး ယှဉ်ပြိုင်ပွဲကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရှန်ဟိုင်းတွင် ကျင်းပခဲ့ရာ စက်ရုပ်က လူသား စစ်တုရင်ဆရာ အတော်များများကို အနိုင်ယူသွားခဲ့သည်။
ယင်းစက်ရုပ်အသစ်သည် ယခင်က နာမည်ကျော်ခဲ့သော AlaphGo နှင့်မတူပဲ၊ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသည့်အပြင် စက်ရုပ်၏ ရွှေ့ကွက်များကိုလည်း လူသားမှတစ်ဆင့် ရွှေ့ပေးစရာမလိုပဲ သူကိုယ်တိုင်ပင် ရွှေ့ကာ ယှဉ်ပြိုင်နိုင်သော စက်ရုပ်ဖြစ်သည်။









