အက်ရှင်မင်းသားကြီး ဂျက်ကီချမ်းဟာ ရုပ်ရှင်နယ်ပယ်မှာ ဘဝအခက်အခဲနဲ့ အသက်အန္တရာယ်တွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့ရင်ဆိုင်နေရတဲ့ စတန့်သမားတွေကို ဂုဏ်ပြုတဲ့ Ride On လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားမှာ ပါဝင်ထားပါတယ်။ သူဟာ အဲ့ဒီဇာတ်ကားမှာ မင်းသားဝူဂျင်းနဲ့လည်း အတူပါဝင်ထားပါတယ်။
ဂျက်ကီချမ်းက မအောင်မြင်တဲ့စတန့်သမားတစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ဧပြီလမှာ သူက အသက် ၆၉ နှစ်ပြည့်တော့မှာဖြစ်ပေမဲ့ အန္တရာယ်များတဲ့စတန့်တစ်ခုကို အဲ့ဒီဇာတ်ကားမှာ လုပ်ဆောင်ထားပါတယ်။ ချားရဟတ်အမြင့်ကြီးပေါ်ကနေ ခုန်ဆင်းတဲ့စတန့်လုပ်ခဲ့တာကို ဇာတ်ကားနမူနာမှာ မြင်တွေ့ခဲ့ရပါတယ်။