Jawan နဲ့ Pathaan ဇာတ်ကားတွေ အောင်မြင်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိခဲ့တဲ့ ရှရွတ်ခန်း

နာမည်ကျော်ဘောလိဝုဒ်မင်းသား ရှရွတ်ခန်းဟာ သူ့ရဲ့ Pathaan နဲ့ Jawan ရုပ်ရှင်ကားအသစ်တွေ အောင်မြင်မှုရရှိခဲ့ပြီးတဲ့နောက်မှာ အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိလို့ မွမ်ဘိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားထားရပါတယ်။ အဲဒီနောက်မှာ ရှရွတ်ခန်းအတွက် လုံခြုံရေးကို တိုးမြှင့်ထားရပါတယ်။ အခုဆို သူ့ကို ကွန်မန်ဒို (၁) ဦး (သို့) နှစ်ဦးအပါအဝင် လုံခြုံရေးအမှုထမ်း (၁၁) ဦးရှိမယ့် Y+ အမျိုးအစားလုံခြုံရေးပေးသွားမှာပါ။
ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခန်းကလည်း ပြီးခဲ့တဲ့နှစ်က လော့ရန် ဘစ်ခ်ျနွိုင်းဂိုဏ်းရဲ့အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် ဒီလုံခြုံရေးအမျိုးအစားကိုပဲ ယူထားရပါတယ်။ ရှရွတ်ခန်းက အဆင့်မြှင့်ထားတဲ့ လုံခြုံရေးအတွက်လည်း သူကိုယ်တိုင် ပေးဆောင်သွားမယ်လို့ သတင်းထွက်ရှိထားပါတယ်။ သူက နိုင်ငံတော်အစိုးရကို ပေးသွားမှာပါ။ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ဘယ်သူက လုပ်ခဲ့တယ်ဆိုတာကို မသိရသေးပါဘူး။

လီဆာနှင့် ပတ်ဘိုဂမ် ဒိတ်နေသည်ဟု အွန်လိုင်းပရိသတ်များ ထင်ကြေးပေးနေ

BLACKPINK အဖွဲ့ဝင်လီဆာတွဲနေသည့် အမျိုးသားက သရုပ်ဆောင်ပတ်ဘိုဂမ်ဟု အွန်လိုင်းပရိသတ်များက ထင်ကြေးပေးနေကြသည်။ ဇွန် ၁၈ ရက်တွင် လီဆာက ဘရူနိုမားစ် ဖျော်ဖြေပွဲသို့ အမျိုးသားတစ်ဦးနှင့်တွဲတက်ခဲ့ပြီး ၎င်းအမျိုးသားဝတ်ဆင်ထားသည့် Celine ဦးထုပ်နှင့် အဝတ်အစားတို့ကိုကြည့်ပြီး ပရိသတ်က ပတ်ဘိုဂမ်ဟု ယူဆနေကြသည်။
လီဆာနှင့် ပတ်ဘိုဂမ်တို့ နှစ်ဦးစလုံးက Celine ဖက်ရှင်ကုမ္ပဏီ၏ ambassador များ ဖြစ်ကြသည်။ ရှိုးပွဲချိန် တစ်လျှောက်လုံး ၎င်းတို့နှစ်ဦးက ဘေးချင်းယှဉ်ရပ်နေခဲ့သည့်အတွက်လည်း ပရိသတ်ကို သံသယပိုစေခဲ့သည်။
သို့သော် သူငယ်ချင်းဆက်ဆံရေးဟုသာ နှစ်ဖက်စလုံးက အတည်ပြုထားသေးသည်။ ၎င်းတို့နှစ်ဦးသည် Celine ambassador ဖြစ်လာပြီးနောက် ပိုရင်းနှီးလာခဲ့ကြပြီး အခမ်းအနားအများစုတွင် တွဲတွေ့ရတတ်သည်။
ပတ်ဘိုဂမ်သည် BTS အဖွဲ့ဝင်ဗွီနှင့် သူငယ်ချင်းဖြစ်ပြီး ဗွီကလည်း လီဆာနှင့်တစ်ဖွဲ့တည်းသား ဂျန်းနီနှင့် သတင်းများထွက်ထားသူ ဖြစ်သည်။