ကားသစ်ထုတ်လုပ်မှုအတွက် ဗြိတိန်အစား ဂျပန်ကို နစ်ဆန်း ရွေးချယ်

နစ်ဆန်းကားထုတ်လုပ်ရေးကုမ္ပဏီသည် X-Trail ကားသစ်များကို မူလက ဆန်းဒါးလန်းမြို့ရှိ စက်ရုံတွင် ထုတ်လုပ်ရန် စီစဉ်ထားသော်လည်း ယခုအခါ ဂျပန်နိုင်ငံတွင်သာ ပြုလုပ်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြု ပြောကြားလိုက်သည်။

မရေရာသော ဘရီဇစ်အရေးကိစ္စများ ဆက်လက်ဖြစ် ပေါ်နေခြင်းသည် ကုမ္ပဏီ၏ အနာဂတ်စီမံကိန်းအတွက် အထောက်အကူမဖြစ်ကြောင်း အလုပ်သမားများထံသို့ ပေးပို့သည့် စာတစ်စောင်တွင် ပြောကြားထားသည်။

သမ္မတ Maduro ဒေါ်လာ ၁.၂ ဘီလျံ လွှဲပြောင်းဖို့ကြိုးပမ်း အတိုက်အခံခေါင်ဆောင်စွပ်စွဲ

ဗင်နီဇွဲလားသမ္မတ Nicolas Maduro နှင့် ယာယီသမ္မတ အဖြစ်ကြေညာထားတဲ့ Juan Guaido

 

ဗင်နီဇွဲလားသမ္မတ Nicolas Maduro ဟာ Uruguay မှာရှိတဲ့ ဘဏ်ထဲကို အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ လွှဲပြောင်းဖို့ ကြိုးစားနေတယ်လို့ အတိုက်အခံ ခေါင်းဆောင်ဖြစ်တဲ့ သူ့ကိုယ်သူ ယာယီသမ္မတ အဖြစ် ကြေညာထားတဲ့ Juan Guaido က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

အာလူးများကို ပြင်သစ်မှ ဟောင်ကောင်သို့ သင်္ဘောဖြင့် တင်ပို့စဉ် ကမ္ဘာစစ်ကျန် ဂျာမနီလက်ပစ်ဗုံးပါလာ

ဟောင်ကောင်ရှိ အာလူးကြော်စက်ရုံတစ်ခုသို့ ပြင် သစ်နိုင်ငံမှ သင်္ဘောဖြင့် တင်ပို့ သော အာလူးများကြားတွင် ပထမကမ္ဘာစစ်ကျန် ဂျာမနီလက်ပစ်ဗုံး တစ်လုံး တွေ့ရှိခဲ့ကြောင်း ဟောင် ကောင်ရဲတပ်ဖွဲ့က ပြောသည်။

ရွှံ့ရောင်သမ်းနေသော ယင်းဗုံးသည် နေရာအထိုင်ပျက်ခဲ့သဖြင့် မတည်ငြိမ်သော အခြေအနေတွင် ရှိခဲ့သော်လည်း စနက် တံပြုတ်ခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

တာလတ်ပစ်ဒုံးလက်နက်များဟန့်တားရေးစာချုပ်မှ အမေရိကန် နုတ်ထွက်ပါက ရုရှား နုတ်ထွက်မည်

ရုရှားသမ္မတ ပူတင်က အမေရိကန်နိုင်ငံအနေဖြင့် တာလတ်ပစ်နျူကလီးယားဒုံး လက်နက်များ ဟန့်တားရေး စာချုပ်မှ နုတ်ထွက်မည်ဆိုပါက ၎င်းတို့ နိုင်ငံအနေဖြင့်လည်း အဆိုပါသဘောတူ စာချုပ်မှ ယာယီဆိုင်းငံ့ထားမည် ဖြစ်ကြောင်းနှင့် ဒုံးကျည်အသစ်များ စမ်းသပ်ထုတ်လုပ်ခြင်းကို စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အောက်လွှတ်တော်အမတ် တူဆီဂတ်ဘတ် သမ္မတရွေးကောက်ပွဲဝင်မည်

အမေရိကန်အောက်လွှတ်တော်အမတ် တူဆီဂတ်ဘတ်ဟာ လာမယ့် ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂတ်ဘတ်က သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်တာကို   သူတာဝန်ထမ်းတဲ့ ဟာဝိုင်အီ ပြည်နယ်မှာ တရားဝင်ကြေညာလိုက်တာပါ။

အမေရိကန်ကပြား ဂတ်ဘတ်ဟာ အမေရိကန်ကွန်ဂရက်မှာ ပထမဆုံး ရွေးကောက်ခံရတဲ့ ဟိန္ဒူဘာသာဝင် ဖြစ်ပါတယ်။

ကန်တက္ကသိုလ်တု တက်ဖို့ကြိုးစားတဲ့ အိန္ဒိယ ကျောင်းသား တရာကျော် အရေး

အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်အတု တခုမှာ ကျောင်းဝင်ခွင့်လျှောက်ပြီး ပြည်ဝင်ခွင့်ဗီဇာ ရယူခဲ့တဲ့ အိန္ဒိယကျောင်းသား တရာကျော် အမေရိကန်မှာ အဖမ်းခံနေရတဲ့ကိစ္စကို အမေရိကန်အစိုးရက သက်သက် ညှာညှာ စဉ်းစားပေးစေလိုကြောင်း အိန္ဒိယအစိုးရက တောင်းဆိုလိုက်ပါတယ်။

အီရန်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနားတွင် တာဝေးပစ်ဒုံးကျည်သစ် ထုတ်ဖော်ပြသ

၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေး နှစ်(၄၀)ပြည့် အခမ်းအနားများ ကျင်းပစဉ်အတွင်း အီရန်သည် မိုင် ၈၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်သော တာဝေးပစ် ပဲ့ထိန်းဒုံးကျည်သစ် တစ်စင်းကို ထုတ်ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ ဆန့်ကျင်မှုနှင့် ဥရောပနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများကို အာခံခြင်းအဖြစ် အီရန်သည် ဒုံးကျည်အစီအစဉ်ကို ချဲ့ထွင်နေပြီး အထူးသဖြင့် ပဲ့ထိန်း ဒုံးကျည်ကဏ္ဍတွင် ဖြစ်သည်။

Donald Trump နဲ့ တရုတ်ဒု-သမ္မတ ဆွေးနွေးမှုအလားအလာကောင်း

ကန်သမ္မတ Donald Trump တရုတ်ဒုသမ္မတ Liu He နှင့်တွေ့ဆုံ

 

တရုတ်ဒုသမ္မတ Liu He နဲ့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် တရုတ်နိုင်ငံနဲ့ စီးပွားရေး ထိပ်တိုက်ရင်ဆိုင်ဖြစ်နေတဲ့ ကိစ္စဟာ ပြောင်းပြန်ဖြစ်သွား နိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြုသဘောဆောင် ပြောကြားလိုက်ပါတယ်။ ရလဒ်ကောင်း ပေါ်ထွက်လာခဲ့ရင် ဒါဟာ အကြီးမားဆုံး သဘောတူညီမှုတရပ် ဖြစ်မယ်လို့လည်း ဆိုပါတယ်။

သမ္မတမာဒူရို အား ဖယ်ရှားရန် စစ်ဘက်အား ဗင်နီဇွဲလားအတိုက်အခံဆန္ဒပြသမားများ တိုက်တွန်း

ကာရာကတ်စ် ဇန်နဝါရီ ၃၁

မိမိကိုယ်မိမိ ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတအဖြစ် ကြေညာထားသည့် ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဂွါအီဒို ဦးဆောင်သည့် ထောင်ပေါင်းများစွာသော ဆန္ဒပြသမားများက ဇန်နဝါရီ ၃၀ ရက်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ဗင်နီဇွဲလား စစ်ဘက်အနေဖြင့် သမ္မတမာဒူရိုအား စွန့်ခွာရန်နှင့် စီးပွားရေး အကျပ်အတည်း ဆိုက်နေသည့် ဗင်နီဇွဲလားနိုင်ငံတွင်းသို့ လူသားချင်းစာနာထောက်ထားသည့် အထောက်အပံ့များ ဝင်ရောက် ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက်ဘုရင် ကျမ်းသစ္စာကျိန်ဆို

ကွာလာလမ်ပူ ဇန်န၀ါရီ ၃၁

ဆူလ်တန်အဗ္ဗဒူလာဆူလ်တန်အာမတ်ရှားသည် ဇန်န၀ါရီ ၃၁ ရက်က အမျိုးသားနန်းတော်၌ ပြုလုပ်သည့် အခမ်းအနားတွင် မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက်ဘုရင်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

အဗ္ဗ်္ဗဒူလာသည် အခြားသော ဘုရင်ခံများ၏ ရှေ့မှောက်တွင် ကျမ်းသစ်္စာကျိန်ဆိုခြင်းနှင့် တာဝန်အပ်နှင်းခြင်းအား လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။