
ဗြိတိန်ဘုရင်ချားလ်စ်က အစိုးရဖွဲ့ခိုင်းပြီးတဲ့အခါမှာ Rishi Sunak ဟာ ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဆူးနက်က ဘုရင်ချားလ်စ်ကို Buckingham နန်းတော်မှာ ဒီနေ့ အင်္ဂါနေ့မှာပဲ သွားရောက်တွေ့ဆုံခဲ့တာပါ။ ဝန်ကြီးချုပ်တာဝန်ကို လက်ခံပြီးတဲ့နောက် လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းတွေကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသွားမယ့်အကြောင်းနဲ့ တာဝန်သိမှု တာဝန်ခံမှုရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတရပ်ကို ဦးဆောင်သွားပါမယ်လို့ ဝန်ကြီးချုပ်သစ် ဆူးနက်က ပြောပါတယ်။









