
ကိုယ်ပိုင်လေယာဉ်များနှင့် ဇိမ်ခံကားများ စီးနေသည့် လူနေမှုပုံစံကို အင်စတာဂရမ် ပေါ် တင်ကာ ကြွားလုံးထုတ် ဟန်ရေးပြခဲ့သည့် နိုင်ဂျီးရီးယား နိုင်ငံသား တစ်ဦးအား ဒေါ်လာသန်းပေါင်းများစွာ လိမ်လည်မှုဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အင်စတာဂရမ်တွင် ဖော်လိုဝါ သန်းပေါင်းများစွာရထားသူ ရေး ဟက်ရှ်ပါပီ ခေါ် ရေမွန် အဘာ့စ် ဆိုသူသည် ငွေမည်းခဝါချမှုတွင် ပူးပေါင်းကြံစည်ခဲ့ကြောင်း ပြီးခဲ့သည့်နှစ် ဧပြီလက ဖြောင့်ချက် ပေးခဲ့သည်။









