
ဘန်ကောက်၊ စက်တင်ဘာ ၁၉
ထိုင်းနိုင်ငံ အယုဒ္ဓရမြို့တွင် ပေါင်းကူး တံတားတစ်စင်းနှင့် တိုက်မိပြီး ရေယာဉ် တစ်စီးနစ်မြုပ်ရာ ကလေးငယ် တစ်ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။
ချာအိုဖာရာယာမြစ်အတွင်း အဆိုပါ နှစ်ထပ်သင်္ဘောက ဒေသစံတော်ချိန် ညနေ လေးနာရီ၌ တိုက်မိခြင်းဖြစ်သည်။ ရေယာဉ်တွင် မွတ်စလင်ဘုရားဖူးများ အများစုလိုက်ပါလာပြီး ခရီးသည် ၁၀၀ ကျော်ထက်မနည်း တင်ဆောင် လာခြင်းဖြစ်သည်။












