ရီယတ်ဒ်၊ စက်တင်ဘာ ၂၇
ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးအား ကားမောင်းခွင့် ပိတ်ပင်ထားခြင်းကို ဖျက်သိမ်းကာ လာမည့်နှစ် ဇွန်လမှစပြီး ခွင့်ပြုသွားရန် ဆော်ဒီဘုရင် ဆာလမန်က စက်တင်ဘာ ၂၆ ရက်တွင် အမိန့်ထုတ်လိုက်သည်။
ရီယတ်ဒ်၊ စက်တင်ဘာ ၂၇
ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးအား ကားမောင်းခွင့် ပိတ်ပင်ထားခြင်းကို ဖျက်သိမ်းကာ လာမည့်နှစ် ဇွန်လမှစပြီး ခွင့်ပြုသွားရန် ဆော်ဒီဘုရင် ဆာလမန်က စက်တင်ဘာ ၂၆ ရက်တွင် အမိန့်ထုတ်လိုက်သည်။
အမေရိကန် အမျိုးသားအာကာသသိပ္ပံအေဂျင်စီ (နာဆာ) ဟာ နေကို အနီးကပ် ထိတွေ့လေ့လာနိုင်မယ့် အစီအစဉ်အဖြစ် The Parker Solar Probe လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ကို လွှတ်တင်သွားဖို့ ရှိနေပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချထားသော အီရန်တို့၏ဒုံးပျံအသစ် စမ်းသပ်မှုသည် မည်သည့်အခါကမှ ဖြစ်ပေါ်လာခဲ့ခြင်းမရှိကြောင်းနှင့် သတင်းဌာနများက တင်ပြခဲ့သော ဒုံးပျံ ပစ်လွှတ်နေသည့် ဓာတ်ပုံများသည် လွန်ခဲ့သော ၇ လခန့်က လုပ်ဆောင်ခဲ့သည့် ဒုံးပျံစမ်းသပ်မှုမှ ဓာတ်ပုံများ ဖြစ်ကြောင်း အမေရိကန် သတင်းဌာန Fox News မှ တနင်္လာနေ့က တင်ပြခဲ့သည်။
ဝါရှင်တန် စက်တင်ဘာ ၂၅
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် မူလက ¤င်းချမှတ်ထားခဲ့သည့် ခရီးသွား လာခွင့်ပိတ်ပင်မှုစာရင်းတွင် မြောက် ကိုရီးယား၊ ဗင်နီဇွဲလားနှင့်ချက်သမ္မတ နိုင်ငံတို့မှ နိုင်ငံသားများကို ထည့်သွင်း ကာ နိုင်ငံရှစ်ခုအထိ ပိတ်ပင်မှုကိုတိုးမြှင့် လိုက်ပြီး ခရီးသွားလာမှုကန့်သတ်ချက်အသစ်များထပ်မံချမှတ်လိုက်ကြောင်း သိရသည်။
နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်နေသည့် အီရတ်နိုင်ငံရှိ ကာ့ဒ်ဒေသအတွက် လွတ်လပ်ရေးဆိုင်ရာ သမိုင်းဝင် ပြည် သူ့ဆန္ဒခံယူပွဲတွင် ကာ့ဒ်လူမျိုးများ မဲပေးနေကြသည်။
အီရတ်နိုင်ငံ ကာ့ဒ်ဒေသလွတ်လပ်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲအတွင်း မဲထည့်နေသော ကာ့ဒ်ဒေသဆိုင်ရာသမ္မတ မာဆူဘာဇာနီ (Azad Lashkari/reuters)
သြစတြေးလျမှာ ကိုယ်ပိုင် အာကာသအေဂျင်စီ တည်ထောင်တော့မယ်လို့ သြစတြေးလျ အစိုးရက စက်တင်ဘာ ၂၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ အဒယ်လိဒ်မှာ ကျင်းပတဲ့ နိုင်ငံတကာ အာကာသသိပ္ပံပညာဆိုင်ရာ ညီလာခံမှာ သြစတြေးလျ ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေး ဝန်ကြီးက ကြေညာခဲ့တာပါ။
အချိန်ကာလကြာရှည်စွာ စောင့်စားနေခဲ့ရတဲ့ အဲဒီကြေညာချက်ကို လက်ရှိစီးပွားရေးနဲ့ သိပ္ပံပညာ အခွင့်အလမ်းတွေပေါ်မှာ မူတည်ပြီး ကြေညာခဲ့တာ ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။
ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကို လေးစားလိုက်နာသည့် အနေဖြင့် မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုကို တရုတ်က စတင် ကန့်သတ် လျှော့ချခဲ့ကြောင်း သိရသည်။ တရုတ်သည် မြောက်ကိုရီးယား၏ အဓိက ကုန်သွယ်ဖက် ဖြစ်သလို ငွေမာ ရရှိစေသည့် အဓိကရင်းမြစ် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ သို့သော် ကုလသမဂ္ဂ သတ်မှတ်ချက်များအရ တရုတ်သည် မြောက်ကိုရီးယားထံမှ အဝတ်အထည် ဝယ်ယူတင်သွင်းမှုကို လျှော့ချပြီး မြောက်ကိုရီးယားသို့ ရေနံ ရောင်းချမှုကိုလည်း ကန့်သတ်သွားမည် ဖြစ်သည်။
ဂျာမနီနိုင်ငံ Social Democrats ပါတီအတွက် အကြီးအကျယ် စိတ်ပျက်ဖွယ် ဖြစ်စေခြင်းနှင့် လက်ယာစွန်း Alternative for Germany ပါတီအတွက် သိသိသာသာ တိုးတက်မှု ဖြစ်ခဲ့သည့် ရွေးကောက်ပွဲနေ့တွင် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်ကသာ လေးကြိမ်မြောက်အဖြစ် ရွေးကောက်ပွဲတွင် ဆက်လက် အရွေးခံရသည်။
တရုတ်နိုင်ငံတွင် Tao-bao အွန်လိုင်းကုန်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီမှတစ်ဆင့် ဘိုး ရင်းလေယာဉ် ၇၄၇ သုံးစီးကို လေလံတင်ထားရာ ကိုယ်ပိုင်ဂျက် လေယာဉ် ဝယ်ယူလိုသူများအ တွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်။
၂၀၁၃ စက်တင်ဘာတွင် Jade Cargo International လေ ကြောင်းလိုင်းက ဒေဝါလီခံပြီး နောက် အဆိုပါလေယာဉ်သုံးစီး ကို ရှန်ဟိုင်းမြို့နှင့် ရှန်ဇန်မြို့တို့ တွင် သိမ်းဆည်းထားခြင်းဖြစ် သည်။
သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်တွင် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်က လစ်ဗျားရှိ အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အာဖရိက မြောက်ပိုင်းရှိ စစ်သွေးကြွ ပစ်မှတ်များကို အမေရိကန်စစ်ဘက်က လက်တွေ့ပါဝင် တိုက်ခိုက်ခြင်းသည် ထရမ့် အာဏာရလာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်သည်။