ဝါရှင်တန်၊ အောက်တိုဘာ ၂၄
အမေရိကန်သမ္မတနှင့် စင်္ကာပူဝန်ကြီးချုပ်တို့သည် အိမ်ဖြူတော်၌တနင်္လာနေ့က တွေ့ဆုံစဉ်တွင် မြောက်ကိုရီး ယားအရေးကိစ္စနှင့် ပက်သက်၍ဆွေးနွေးခဲ့ပြီး ပြုံယမ်းအစိုးရ၏ နျူကလီးယားခြိမ်းခြောက်မှုများကို တန်ပြန် တုံ့ပြန်ရန် လိုအပ်သည့်အကြောင်းအရာများကို ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်နှင့် လီရှင်လောင်းတို့သည် ဘဲဥပုံရုံးခန်းထဲ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထို့နောက်တွင် သူတို့သည် သတင်းစာရှင်းလင်းပွဲအသီးသီး ပြုလုပ်ခဲ့ကြသည်။