
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၂
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်ပြောဆိုမှုများကို မသိကျိုးကျွန်ပြုကာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစုသည် ဂျေရုစလင်မြို့အား အစ္စရေးတို့၏မြို့တော်အဖြစ် အသိအမှတ်ပြုသည့် ၀ါရှင်တန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြာသာပတေးနေ့က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ ကုလသမဂ္ဂမှပြုလုပ်သော အထွေထွေ ညီလာခံ၌ ဂျေရုစလင်မြို့ကို အစ္စရေးတို့၏မြို့တော်အဖြစ် အသိအမှတ် မပြုနိုင်ဟုဆိုသော အဆိုကိုမဲခွဲဆုံးဖြတ်ရာ၌ ၁၂၈ နိုင်ငံက အသိအမှတ်မပြုနိုင်ဟု မဲပေးခဲ့ပြီး ၉ နိုင်ငံက အသိ အမှတ်ပြုသည်ဟု မဲပေးခဲ့ကြကာ ၃၅ နိုင်ငံက ကြားနေမဲပေးခဲ့ကြသည်။









