
မော်စကို၊ ရုရှား၊ ဇန်န၀ါရီ ၂၉
ရုရှားသမ္မတဗလာဒီမာပူတင်၏ သမ္မတအာဏာကို ၂၀၂၄ ခုနှစ်အထိ ချဲ့ထွင်သွားနိုင်သော လာမည့်ရွေး ကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြကြရန်တောင်းဆိုခဲ့ကာ မော်စကိုမြို့၌ တနင်္ဂနွေနေ့က လူထောင်ပေါင်းများစွာကို ဦးဆောင်၍ ချီတက်ဆန္ဒပြခဲ့သော အတိုက်အခံခေါင်းဆောင် အလက်ဇီနေဗယ်နီအား ရုရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။









