ကမ္ဘာတစ်ဝန်း ခေါင်းဆောင်မှုစစ်တမ်းတွင် တရုတ်က အမေရိကန်ကို ကျော်တက်

Gallup World Poll အဖွဲ့၏ စစ်တမ်းတစ်ရပ်အရ အမေရိကန်ခေါင်းဆောင်မှုအပေါ် ပျမ်းမျှသဘောကျလက်ခံမှု နှုန်း ၃၀ ရာခိုင်နှုန်းရှိပြီး တရုတ် အတွက် ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အမေရိကန်အပေါ် သဘောကျလက်ခံမှုနှုန်းသည် ယခင် သမ္မတအိုဘားမားလက်ထက်က ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၈ ရာခိုင် နှုန်းလျော့ကျသွားပြီး အမြဲတမ်း အနိမ့်ဆုံးအဆင့်သို့ ရောက်ခဲ့ကြောင်း Gallup အဖွဲ့၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြသည်။

ရုရှားနိုင်ငံက ရွေးကောက်ပွဲ မဲဆွယ်ရေးဌာနကို ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

Photo: Vladimir Putin – twitter

 

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ အတိုက်အခံခေါင်းဆောင် အလက်ဇီ လာဗယ်နီ ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေး ဌာနကို ရဲတပ်ဖွဲ့က မနေ့က ၀င်ရောက်ရှာဖွေခဲ့ပါတယ်။

မြောက်ကိုရီးယား လောင်စာဆီရရှိအောင် ရုရှားက ကူညီနေဟု ကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

Photo: AFP

နိုင်ငံတကာက ပိတ်ဆို့အရေးယူထားတဲ့ မြောက်ကိုရီးယားကို လောင်စာဆီ ရရှိအောင် ရုရှားက ကူညီနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆင်က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကိုပါ ရောက်နိုင်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်နည်းပညာ တိုးတက်လာအောင် နေ့စဉ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဘရာဇီးလ်တွင် ခရီးသွားလာရေးစရိတ် မြင့်တက်မှုကြောင့် လူထု ဆန္ဒပြ

ဘရာဇီးလ်နိုင်ငံ ဆောင်ပေါ်လိုမြို့မှာ ခရီးသွားလာရေးစရိတ်တွေ ရုတ်တရက် မြင့်တက်သွားတဲ့အတွက် ဇန်န၀ါရီ ၁၇ ရက်က လူထု လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဘဏ်တခုကို တိုက်ခိုက်တာနဲ့ ဘတ်စ်ကားလမ်းကို ပိတ်တာတွေ လုပ်ခဲ့ကြပါတယ်။

တိုင်းပြည်စီးပွားရေး နိမ့်ကျနေချိန်မှာ ဆောင်ပေါ်လို အာဏာပိုင်တွေက အများသုံးပို့ဆောင်ရေး ယာဉ်စီးခတွေကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာကျော်အထိ မြှင့်တင်လိုက်ပြီးတဲ့နောက် အခုလို ဆန္ဒပြမှုတွေဖြစ်လာတာပါ။

တရုတ်နိုင်ငံတွင် ယွမ်ငွေစက္ကူအတုများ စံချိန်တင် သိမ်းဆည်းရမိ

(Twitter / China News Service)

 

တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်၌ ငွေစက္ကူအတုများကို ရဲတပ်ဖွဲ့က စံချိန်တင်သိမ်းဆည်း ရမိကြောင်း အင်္ဂါနေ့တွင် ဒေသခံ မီဒီယာများက ဖော်ပြသည်။

မက္ကဆီကို သမ္မတရွေးကောက်ပွဲ သမ္မတဟောင်းကတော် ၀င်ရောက်ယှဉ်ပြိုင်မည်

သမ္မတဖြစ်ခဲ့ရင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လမ်းကြားတွေထဲမှာ တာဝန်ချထားတဲ့ စစ်သားတွေကို ပြန်ရုပ်သိမ်းမယ်လို့  မက္ကဆီကို သမ္မတရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် သမ္မတဟောင်းကတော် မာဂါရီတာဇာဗာလာက ဇန်န၀ါရီ ၁၆ ရက်က  ကတိပေးလိုက်ပါတယ်။

မက္ကဆီကိုမှာ ဇာဗာလာရဲ့ခင်ပွန်း သမ္မတဟောင်း ဖယ်လစ်ပီကာဒဲရွန်ရဲ့ ၂၀၀၆ ခုနှစ်က စခဲ့တဲ့ စစ်တပ် ဦးဆောင်တဲ့ မူးယစ်တိုက်ဖျက်ရေးဗျူဟာက အကြမ်းဖက်မှုတွေကို မြင့်တက်စေခဲ့ပါတယ်။

မြောက်ကိုရီးယားကို ဒဏ်ခတ်မှု ပိုမိုပြုလုပ်ရေး စဉ်းစားကြရန် သဘောတူ

နိုင်ငံပေါင်း ၂၀ ပါဝင်တဲ့ မြောက်ကိုရီးယားအရေး ဆွေးနွေးပွဲကနေ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုတွေ ပိုမိုပြုလုပ်ရေး စဥ်းစားကြဖို့ သဘောတူခဲ့ပါတယ်။

ဇန်န၀ါရီ ၁၆ ရက်နေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးက မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ပိုမိုပြုလုပ်ရေး စဉ်းစားကြဖို့ သဘောတူခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံ ထိပ်သီးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဆေးဝါးအတုတွေကြောင့် အာဖရိကမှာ တနှစ် လူတသိန်းခန့် သေဆုံး

ကမ္ဘာ့အဆင်းရဲဆုံး အာဖရိကတိုက်မှာ ဆေးဝါးအတုတွေကြောင့် တနှစ်ကို လူ တသိန်းလောက် သေဆုံး နေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အနောက်အာဖရိက အိုင်ဗရီကို့စ်နိုင်ငံ မြို့တော် နဲ့ စီးပွားရေးအချက်အချာကျတဲ့နေရာတွေမှာ ဆေးဝါးတု ဈေးကွက်ရှိပြီး ဆေးအတုတွေကို အာဏာပိုင်တွေ သိမ်းဆည်းမီးရှို့ခဲ့ပေမယ့် မကြာမကြာဆိုသလို ပြန်ပေါ် လာတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမပါဝင်သည့် ကနေဒါနိုင်ငံမှ မြောက်ကိုရီးယားအရေး ဆွေးနွေးပွဲ

ဗန်ကူးဗား၊ ကနေဒါ၊ ဇန်န၀ါရီ ၁၇

မြောက်ကိုရီးယား၏ နျူကလီးယားဒုံးပျံလက်နက် ခြိမ်းခြောက်မှုနှင့်ပက်သက်၍ ဖြေရှင်းရန်အတွက် ဆွေးနွေးပွဲ တစ်ရပ်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် အင်္ဂါနေ့ကကျင်းပခဲ့ပြီး ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးများက ပါဝင်ဆွေးနွေး ခဲ့ကြသည်။

မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကို တစ်ညီတစ်ညွတ်တည်း ရင်ဆိုင်ဖြေရှင်းကြရန်ရည်ရွယ်ကာ ဗန်ကူးဗားမြို့ တွင် နှစ်ရက်တာပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲကို ကနေဒါနှင့်အမေရိကန်တို့မှ အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံက တက်ရောက်ခဲ့ခြင်းမရှိသည့်အတွက် ယင်းပြသနာကိုဖြေရှင်းနိုင်ဖို့ အလား အလာနည်းပါးကြောင်း သိရသည်။

ရုရှားသမ္မတရွေးချယ်ပွဲတွင် လက်ရှိသမ္မတ ပူတင်ထောက်ခံဆန္ဒမဲ ၈၁ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အနိုင်ရဖွယ်ရှိဟုဆို

မော်စကို ဇန်နဝါရီ ၁၆

ရုရှားနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပမည့် သမ္မတရွေးချယ်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမာပူတင်က ၎င်း၏ ပြိုင်ဘက်ရွေးချယ်ခံ သမ္မတလောင်းများကို အနောက်ဝေးဝေးတွင် ထားခဲ့ကာ ထောက်ခံဆန္ဒမဲ ၈၁ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အနိုင်ရဖွယ်ရှိကြောင်း ရုရှားအစိုးရပိုင် သုတေသနဌာနဖြစ်သည့် ဗွီတီအက်စ်အိုင်အိုအမ်က ပြုလုပ်သော လုထုဆန္ဒ ကြိုတင်ကောက်ယူမှုတစ်ခုတွင် ဖော်ပြသည်။