ထိုင်းနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေး

အာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးကို နိုဝင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံကို တရားဝင် လွှဲပြောင်းပေးခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ ၃ ရက်ကြာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်တွေဟာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ နယူးဇီလန်နဲ့ ကနေဒါ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ကုန်သွယ်ရေးမှသည် လုံခြုံရေး ကိစ္စရပ်တွေအထိ ဆွေးနွေးခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ရုရှားသမ္မတ ပြော

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အာဆီယံ ခေါင်းဆောင်တွေနဲ့ ပထမဆုံး အစည်းအဝေးမှာ နိုဝင်ဘာ ၁၄ ရက်က ပြောလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ထိပ်သီးညီလာခံအတွင်း အစည်းအဝေးမှာ ခုလို ပြောခဲ့တာပါ။

အစ္စရေး ကာကွယ်ရေးဝန်ကြီး ရာထူးကနုတ်ထွက်

အစ္စရေးကာကွယ်ရေးဝန်ကြီး အာဗီဒေါလစ်ဘာမန်းဟာ ဂါဇာဒေသ အပစ်အခတ် ရပ်စဲတာကို ဆန့်ကျင်တဲ့အနေနဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

လစ်ဘာမန်းက “အပစ်အခတ်ရပ်စဲရေး” ကို “အကြမ်းဖက်မှုအပေါ် အလျှော့ပေးမှု” အဖြစ်  ပြောကြား လိုက်ပါတယ်။ ဒါ့အပြင် လစ်ဘာမန်းက သူသာ ကာကွယ်ရေးဝန်ကြီး ဆက်လုပ်မယ်ဆိုရင် တောင်ပိုင်း ဒေသခံတွေကို စေ့စေ့ကြည့်ရဲမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

သတင်းထောက်ကို အိမ်ဖြူတော်က ပိတ်ပင်ပြီးနောက် စီအင်န်အင်န်က သမ္မတဒေါ်နယ်ထရန့်ကို တရားစွဲ

စီအင်န်အင်န်သတင်းထောက် ဂျင်မ်အကော့စတာက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား မိုက်ကိုင်လျက် မေးမြန်းနေစဉ် ယင်းမိုက်ကို လက်လှမ်းယူနေသော အိမ်ဖြူတော်ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (Jonathan Ernst/File Photo/REUTERS)

 

သတင်းစာရှင်း လင်းပွဲတစ်ခုတွင် ဒေါသတကြီး အပြန်အလှန်ပြောဆိုခဲ့ပြီး သတင်းထောက်တစ်ဦးကို အိမ်ဖြူတော် က ပိတ်ပင်ပြီးနောက် စီအင်န် အင်န် (CNN) သတင်းဌာနက ဒေါ်နယ်ထရန့်ကို တရားစွဲခဲ့ သည်။

ဝန်ကြီးချုပ်သစ်ကို အယုံအကြည်မရှိဟု သီရိလင်္ကာလွှတ်တော်အမတ်များ မဲခွဲဆုံးဖြတ်

အတိုက်အခံများက ကျယ်လောင်စွာ ကန့်ကွက်ခဲ့သော်လည်း ဝန်ကြီးချုပ်သစ် မာဟင်ဒါရာဂျာပက်ဆာကို အယုံအကြည် မရှိကြောင်း သီရိလင်္ကာ လွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ပြီးနောက် ယင်းနိုင်ငံ ၏ နိုင်ငံရေး အကျပ်အတည်း ပိုမို နက်ရှိုင်းလာသည်။

ရာဂျာပက်ဆာ၏ မဟာမိတ်များက မဲခွဲဆုံးဖြတ်မှုကို လက်မခံကြောင်း အော်ဟစ်ခဲ့ပြီး တရားမဝင်ဟု ပြောကြားသည်။

သြစတြေးလျတွင် စတော်ဘယ်ရီသီးထဲ အပ်ထည့်သူအား ထောင်ဒဏ် ၁၀နှစ်အထိချမှတ်

အပ်ပါနေသည့် သြစတြေးလျမှ စတော်ဘယ်ရီသီးတစ်လုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ နိုဝင်ဘာ ၁၂ ရက်

သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်တွင် စတော်ဘယ်ရီသီးများထဲ အပ်ထည့်မှု ဖြင့် အသက် ၅၀နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ခိုးဝင်လာသူများကို လက်ခံမည်မဟုတ်ဟု အမေရိကန်သမ္မတ သတိပေး

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နိုင်ငံအတွင်းသို့ ခိုးဝင်လာသူများကို လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့် နိုင်ငံအတွင်း လကခံကာနေထိုင်ခွင့်ပေးမည်မဟုတ်ဟု ပြောကြားခဲ့ေ ကြာင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြသည်။

ဗဟုတ်အမေရိကန်နိုင်ငံများမှ ထွက်ခွာလာသော ရာနှင့်ချီသည့် ရွှေ့ပြောင်းအခြေချသူများသည် မက္ကဆီကိုနိုင်ငံကို ဖြတ်သန်းကာ အမေရိကန်နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ရရန် ကြိုးပမ်းလျက် ရှိသော ဒေါ်နယ်ထရန့်က ခိုးဝင် လာသူများအား လက်ခံမည်မဟုတ်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။

ကယ်လီဖိုးနီးယား တောမီး မထိန်းနိုင်သေး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း နဲ့ မြောက်ပိုင်းမှာလောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်နိုင်ဖို့ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ အပူတပြင်း ကျိုးပမ်းေ နကြပါတယ်။ ဒီနှစ်တောမီးလောင်ကျွမ်းမှုဟာ အဆိုးဆုံးတွေထဲက တခုဖြစ်ပြီး၊ ဒီတောမီးကို သိပ်မကြာခင်အချိန်အတွင်း ငြိမ်းသတ်နိုင်ဖို့ အနေအထားမရှိဘူးလို့ အမျိုးသားမိုးလေ၀သနဌာန ကလည်း ပြောပါတယ်။

ရွှေ့ပြောင်း ဟေတီနိုင်ငံသားများကို ချီလီအစိုးရ နေရပ်ပြန်ပို့

ချီလီအစိုးရဟာ ရွှေ့ပြောင်းလာသူ ဟေတီနိုင်ငံသားတွေကို နိုဝင်ဘာ ၇ ရက်နေ့က လေယာဉ်နဲ့ ဟေတီနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ဟေတီနိုင်ငံသား ၁၇၆ ဦး လိုက်ပါလာတဲ့ ချီလီလေတပ်လေယာဉ်ဟာ ဟေတီနိုင်ငံ မြို့တော် ပို့စ်အော်ပရင့်ကို ရောက်လာခဲ့ပါတယ်။

ဒါဟာ လူသားချင်းစာနာစိတ်နဲ့ ပို့ဆောင်မှုတွေထဲက ပထမဆုံးဖြစ်ပြီး ရွှေ့ပြောင်းသူအဖွဲ့တွေကတော့ ဒါကို အတင်းအကျပ် ပြည်နှင်တယ်လို့ ဆိုပါတယ်။

CNN သတင်းထောက်ကို အိမ်ဖြူတော် သတင်းလိုက်ခွင့် ရုပ်သိမ်း

အိမ်ဖြူတော်ဆိုင်ရာ သတင်းထောက်တယောက်ကို အိမ်ဖြူတော်ထဲဝင် သတင်းယူခွင့် တားမြစ်လိုက်တာနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ပြောခွင့်ရက ကြာသပတေးနေ့မှာ ကာကွယ် တုံ့ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာကျင်းပတဲ့သတင်းစာရှင်းပွဲအတွင်း သမ္မတ Donald Trump နဲ့အခြေအတင်ဖြစ်တဲ့ CNN သတင်းထောက် Jim Acosta ဆီက မိုက်ကရိုဖုန်းလုယူဖို့ကြိုးစားတဲ့ အလုပ်သင်ဝန်ထမ်းအမျိုးသမီးကို သတင်းထောက်က မသင့်တော်တဲ့လုပ်ရပ် လုပ်ခဲ့တယ်လို့ဆိုပြီး အဲဒီသတင်းထောက်ရဲ့ အိမ်ဖြူတော်ဝင်ခွင့်ကို ရုပ်သိမ်းခဲ့ပါတယ်။