အဝေးသင်တက္ကသိုလ်တက်ရောက်မည့်သူများ ဇွန် ၁၃ ရက်မှစတင်၍ကျောင်းအပ်နိုင်ပြီဖြစ်

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီး သီး၌ ၂၀၂၂ ပညာသင်နှစ် အဝေးသင် သင်တန်းအတွက် ဇွန် ၁၃ ရက်မှစတင်ကာ ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ ပညာသင်နှစ်၊အဝေးသင် သင်တန်း ပထမနှစ်(၂၀၁၉ အောင်)များ၊ဒုတိယနှစ်၊တတိယနှစ်များအတွက် ကျောင်းအပ်ရန်ကျန်ရှိသူများနှင့်ပ ထမနှစ်(၂၀၂၀ အောင်)သင်တန်းများအား တက်ရောက်သင်ကြားမည့်သူများ အတွက် အဆင့်မြင့်ပညာဦးစီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၉) ဦး တွေ့ရှိ

(၁၂-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၃၇၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၂) ရာခိုင်နှုန်း ရှိပါသည်။

ရန်ကုန်ဓာတ်ဆီဈေး ကျပ် ၂၃၀၀ ကျော်တွင် ဆက်ရှိနေ

ရန်ကုန်စက်သုံးဆီဈေးကွက်မှာတော့ ဇွန် ၁၃ ရက် ပေါက်ဈေးအရ ဓာတ်ဆီအောက်တိန်း 92 တစ်လီတာကို ၂၃၀၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ကျပ်၂၃၇၀ ရှိနေပြီး အမြင့်ဈေးမှာ ဆက်ရှိနေတာဖြစ်ပါတယ်။ ဒီဈေးနှုန်း တွေဟာ ရန်ကုန်စက်သုံးဆီဈေးကွက်မှာ အမြင့်ဆုံးစံချိန် ဈေးနှုန်းတွေလည်း ဖြစ်ပါတယ်။ ရန်ကုန်က ဒီဇယ် ဈေးနှုန်းတွေဟာဆိုရင်လည်း ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ်၂၆၁၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကို ကျပ်၂၆၄၀ အထိ ရှိနေတာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပါတီဝင်ကြေးနှင့် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မြို့ပါတီရုံးခန်းမ၌  ၁၂.၆.၂၀၂၂ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပါတီဝင်ကြေးနှင့် ပါတီနှစ်စဉ်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။

‌အဆိုပါအခမ်းအနားတွင်အကြမ်းဖက်သမားများကြောင့် သေဆုံးရသော ပြည်ခိုင်ဖြိုး ပါတီဝင် (၁၆၀၀)ကျော်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် တစ်မိနစ်ငြိမ်သက်စွာနေကြပါသည်။ သဘာပတိ တိုင်းပါတီအတွင်းရေးမှူး ဒေါ်ခင်စောမူက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုသိမ်ခရိုင်ဥက္ကဌ ဦးစိုးဝင်းက အမှာစကားပြောကြားပါသည်။ တစ်ဆက်တည်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသက်နိုင်ဦးက အခမ်းအနားကျင်းပရခြင်းအကြောင်းကိုရှင်းလင်းကာ ပါတီဝင်ခွင့်လျှောက်လွှာပေးအပ်ခြင်း၊ ပါတီဝင်ကြေး ပါတီနှစ်စဉ်ကြေး ပေးအပ်ပါသည်။

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၄ မျိုးစာ ရင်းအား ကျန်းမာရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်

နစက ၏ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်တွင်း၌ ရောင်းချ နေသည့် အလှကုန်များအား စစ်ဆေးပြီးနောက် အလှကုန်ပစ္စည်း ၄ မျိုးသည် သုံး စွဲရန်မသင့်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

Kpay သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုများပြာလာ


Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၃) ဦး တွေ့ရှိ

 


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ဒုတိယနေ့ ကျင်းပ

ဇွန် ၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

ဆဋ္ဌမအကြိမ်ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ဒုတိယနေ့အား နံနက်ပိုင်းအခမ်းအနားအစီအစဉ်(၉)ရပ်၊ မွန်းလွဲပိုင်းအခမ်းအနားအစီအစဉ် (၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် အစည်းအဝေးအား ကြွေးကြော်သံများ ဟစ်ကြွေး၍ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) တက်ရောက်ကြသည့် ဗဟိုကော်မတီဝင်များမှ အကြမ်းဖက်သမားများ၏ ရန်မှ တိမ်းရှောင်ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား

ဇွန် ၉၊ နေပြည်တော်

ဆဋ္ဌမကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) သို့ တက်ရောက်လာကြသည့် ပါတီဗဟိုကော်မတီဝင်များမှ အကြမ်းဖက်သမားများ၏ရန်မှ တိမ်းရှောင်နေရသော ပါတီဝင်များ ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားအား  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၀) ဦး တွေ့ရှိ

(၈-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၅၁၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၈) ရာခိုင်နှုန်း ရှိပါသည်။