
စက်သုံးဆီစျေးနှုန်းများ ဆက်တိုက်ကျ ဆင်းနေပြီး ၉၂ တစ်လီတာလျှင် ကျပ် ၁၈၀၀ အောက်သို့ ထပ်မံကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
ဇူလိုင် ၁၄ ရက်တွင်ထုတ်ပြန်သည့် စျေး နှုန်းများအရ ၉၂ တစ်လီတာလျှင် ၁၇၈၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၈၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၂၀၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၆၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။










