Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၀၄) ဦး တွေ့ရှိ

(၃၀-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၃၅၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၁၁) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၀၄) ဦးအနက် (၈) ဦး၊ (၇.၇) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲ စစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၉၆) ဦး၊ (၉၂.၃) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများ ဖြစ်ပါသည်။ MOH

စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုးအား FDA Myanmar ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာန၏ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA Myanmar)က သြဂုတ် ၃၀ ရက်(ယနေ့)တွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်း ၃၉ မျိုးအား အသိပေးထုတ်ပြန်ခဲ့သည်။

ရန်ကုန်တွင် စံချိန်တင်အဖြစ် ဓာတ်ဆီတစ်လီတာ ၂၅၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၂၅၅ ကျပ်ဖြစ်လာပြီး ယခင်စျေးနှုန်းများထက် ပျမ်းမျှ ကျပ် ၇၀ ကျော်မြင့်တက်လာ

ရန်ကုန်တွင် စံချိန်တင်အဖြစ် ဓာတ်ဆီတစ်လီတာ ၂၅၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၂၅၅ ကျပ်ဖြစ် လာပြီး ယခင်စျေးနှုန်းများထက် ပျမ်းမျှ ကျပ် ၇၀ ကျော်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။သြဂုတ် ၃၀ ရက်တွင် ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၅၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၆၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၃၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၃၂၅၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့် လစာဝင်ငွေများကို လွတ်လပ်စွာ လွှဲ ပြောင်းရောင်းချနိုင်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့် လစာဝင်ငွေများကို အခြားသူသို့ ရောင်းချခြင်း၊ ဘဏ်သို့ လွှဲပြောင်းခြင်းတို့ လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်က ၂၀၂၂ခုနှစ် သြဂုတ် ၃၀ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၂၂ကို ထုတ်ပြန်လိုက်သည်။မြန််မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(ခ)အရ အပ််နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၈၇) ဦး တွေ့ရှိ

(၂၉-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၉၀၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၉၈) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၇) ဦးအနက် (၁၄) ဦး၊ (၁၆.၀၉) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက် လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၇၃) ဦး၊ (၈၃.၉၁) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက် ဖြစ်ပွားသူများ ဖြစ်ပါသည်။ MOH

ဒူဘိုင်းတွင် မြန်မာအမျိုးသမီး(၈)ဦး ကူညီတောင်းခံမှု ညှိနှိုင်းဆောင်ရွက်နေ

ဒူဘိုင်းနိုင်ငံတွင် ဒုက္ခရောက်နေကြောင်း လှုမှုကွန်ယက်စာမျက်နှာမှတဆင့် သြဂုတ် (၂၅) ရက်တွင် ဗွီဒီယိုဖိုင် ထုတ်လွှင့်အကူအညီတောင်းခံခဲ့သည့် မြန်မာနိုင်ငံသူ (၈) ဦးအား မြန်မာသံရုံး၊ရီရတ်ဒ်မြို့၏ တာဝန်ရှိသူများက ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဗွီဒီယိုဖိုင်ထုတ်လွှင့်မှုအား လူမှုကွန်ရက်စာမျက် နှာတွင် Khaing Lay အကောင့်ဖြင့် ထုတ်လွှင့် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

ဆေးတက္ကသိုလ်ဝင်ခွင့် (၃)ဘာသာရမှတ်အပေါ် မူတည်၍ရွေးမည်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး သူတွေအတွက် ဆေးတက္ကသိုလ်တွေ နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်ခွင့်ကို အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (၃) ဘာသာရမှတ်ပေါင်း အနည်းအများပေါ် မူတည်ပြီး ပဏာမ ရွေးချယ်သွားမယ်လို့ ကျန်မာရေးဝန်ကြီးဌာနက ဩဂုတ် (၂၈) ရက်မှာ အသိပေး ကြေညာထားပါတယ်။

ထိုင်း၌ ပြစ်ဒဏ်ကျပြီး လွတ်လာသည့် မြန်မာ(၄၆)ဦး လွှဲပြောင်း

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား (၄၆)ယောက်ကို ဩဂုတ်(၂၉)ရက်၊ မနက်ပိုင်းက တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၂)ကနေ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ပြန်လည်လွှဲပြောင်းပေးလာသူတွေကို တာချီလိတ်တပ်နယ်က ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်လဝက တာဝန်ရှိသူ တွေက ကြိုဆိုလက်ခံခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ကို ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ်ရောဂါရှိ/မရှိ ဆေးစစ်တာတွေပြုလုပ်ပြီး ဝမ်လုံး Quarantine Center မှာ( ၇ )ရက်ထားရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၆၈) ဦး တွေ့ရှိ

(၂၈-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၉၁၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၈၆) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆၈) ဦးအနက် (၈) ဦး၊ (၁၁.၇၆) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲ စစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၆၀) ဦး၊ (၈၈.၂၄) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူ များ ဖြစ်ပါသည်။MOH

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၂၀၀ ဝန်းကျင်အထိ စျေးနှုန်းဖြစ်ပေါ်နေဟုဆို

၂၀၂၂ ခုနှစ် သြဂုတ် ၂၈ရက်တွင် ဗဟိုဘဏ်စျေးနှုန်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ် လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်သော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ် လာ ၃၂၀၀ ဝန်း ကျင်ဖြစ်ပေါ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။