သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးအကြိမ် ဖြေဆိုခွင့်အတွက် လာမယ့် စက်တင်ဘာ (၁) ရက် ကေန (၃၀) ရက်အတွင်း လျှောက်ထားရမှာ ဖြစ်တယ်လို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဩဂုတ် (၂၃) ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။၂၀၂၂ ခုနှစ် မတ်လက ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူတွေ နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုတာ မရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စနစ်ဟောင်း ၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင် စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် လာမယ့် ၂၀၂၃ ခုနှစ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၅၂) ဦး တွေ့ရှိ
သြဂုတ် ၂၂ ရက် ည ၈ နာရီမှ ၂၃ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၈၅၀၂ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၅၂ ဦးတွေ့ရှိကြောင်း သြဂုတ် ၂၃ ရက်ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံ ခရိုင်နှစ်ခုတွင် တရားမဝင်မြန်မာအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရ
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်နှင့် ပရာ့ကျွတ်ခရိုင်တို့၌ သြဂုတ် ၂၀ ရက်ညပိုင်းက တရားမဝင်သွားရောက်သည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၃၈ ဦးဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Migrant Times သတင်းက ဖော်ပြထားသည်။ပရာ့ကျွတ်ခရိုင်အတွင်း မလေးရှားနိုင်ငံဘက်သို့ သွားရောက်မည့် မြန်မာအလုပ်သမား ၁၅ ဦးနှင့်ပွဲစားတစ်ဦးကို ထိုင်းစစ်တပ်ကဖမ်းဆီးခဲ့ပြီး ကန်ချနာဘူရီခရိုင်အတွင်း မြန်မာအလုပ်သမား ၂၃ ဦး ကိုလည်း ထိုင်းအာဏာပိုင်များ က ဖမ်းဆီးခဲ့ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။
Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၂) ဦး တွေ့ရှိ
COVID-19 ဓာတ်ခွဲနမူနာ ၈၁၈၆ ခုအား စစ်ဆေးရာ ပြည်ပမှဝင်ရောက်လာသူ ၁၄ ဦးနှင့် ပြည်တွင်းမှ ၂၈ ဦး စုစုပေါင်း ၄၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီး သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၂၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ဓာတ်ခွဲစစ်ဆေးမှုများမှာ ဩဂုတ် ၂၁ ရက် ည ၈ ညနာရီမှ ဩဂုတ် ၂၂ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ဩဂုတ် ၁၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်၌ ထူးချွန်စွာအောင် မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂ – ၂၀၂၃ ပညသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ၁၉-၈-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ပါတီဌာနချုပ် ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
နှစ်ရက်အတွင်း မြန်မာလုပ်သား ၉၀၀ နီးပါး ထိုင်းသို့သွားရောက်
ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာ အလုပ်သမား ၉၀၀ နီးပါးသည် ဩဂုတ် ၁၉ ရက်နှင့် ၂၀ ရက်တိုတွင် MoU ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့မှတစ်ဆင့် မြန်မာ MoU အလုပ်သမားအမျိုးသား ၄၀ နှင့် အမျိုးသမီး ၁၀ ဦးတို့ သည် ထိုင်းနိုင်ငံရှိ Chocksamut Marine Co.,Ltd. တွင် နှစ်နှစ် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီ Golden Royal Mandalay Co.,Ltd. က တာဝန်ယူစေလွှတ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ၌ ပထမဆုရရွိ
Photo – Naing Swe Oo FB and MOI
Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၃၁) ဦး တွေ့ရှိ
၂၀-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၈၉၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၃) ဦး တွေ့ရှိရပါသည်။ ထိုကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၅၆) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၃) ဦးအနက် (၅) ဦး၊ (၁၅.၁၅) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲ စစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၂၈) ဦး၊ (၈၄.၈၅) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက် ဖြစ်ပွား သူများ ဖြစ်ပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
တပ်ကုန်း ဩဂုတ် ၁၆
တပ်ကုန်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို ဗဟိုကော်မတီဝင် တပ်ကုန်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်လတ် ၊ တပ်ကုန်းမြို့နယ် ပါတီ နာယက ၊ မြို့နယ်ပါတီ ဥက္ကဌ နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ပါတီ ဥက္ကဌများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
သိန်းနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး
သိန်းနီ ဩဂုတ် ၁၈
သိန်းနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို သိန်းနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။
ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ဘဏ္ဍာရေးမှူး ဦးစိုင်ခမ်းကော်၊ လားရှိုးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးတန်ဂွန်း၊ အတွင်းရေးမှူး ဦးသန်းစိုး၊ ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေ တို့ တက်ရောက်ခဲ့ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ဝန်ထမ်းရေးရာဆိုင်ရာ ကိစ္စရပ်များ၊ ကဏ္ဍကြီးရေးရာများအလိုက် မြို့နယ်ပါတီ တာဝန်ခံများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနိုင်းဆွေးနွေးခဲ့ပါသည်။