ရပ်/ကျေးကော်မတီ ပြန်လည်စီစစ်ခြင်း ကွင်းဆင်းဆောင်ရွက်

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမျိုးမြင့်/မြို့နယ်ကော်မတီဝင် ဦးနေဝင်း၊ဦးဝင်းအောင်တို့ ဦးဆောင်၍ တကူပတီကျေးရွာ/ဖံဖကျေးရွာများသို့သွားရောက်၍ ရပ်/ကျေးကော်မတီပြန်လည်စီစစ်ခြင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aye Zaw Than


နမ္မတူမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းသွေးလှူဒါန်း

 

(၂၁.၉.၂၀၁၇)ရက်​​နေ့ / ​​နေ့လည်​(၄:၀၀)နာရီအချိန်​သ.တ.လ​ (၁)​ရပ်​ကွက်​နေ ​လူနာ​​ဦး​အောင်​လင်းဦးအတွက် ပြည်​ခိုင်​ဖြိုးပါတီ မြို့နယ်​​သွေးလှူ ရှင်​အသင်းဝင် သ.တ.လ(၂)ေ​န သွေးလှူ ရှင်​​ ​ဦးထွန်းမင်းလှိုင်​မှ လိုအပ်​​သော​သွေး (O) ​သွေး အမျိုးအစားကို အချိန်​နှင့်​တ​ပြေးညီ လှူ ဒါန်း​ပေးခဲ့​ကြောင်းသိရှိရ​သည်။

နတ်တလင်း ပြည်ခိုင်ဖြိုးပါတီ သန့်ရှင်းရေးပြုလုပ်၍ ကုသိုလ်ယူ

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီကော်မတီဝင်များနှင့် မျိုးဆက်သစ်ပါတီဝင်လူငယ် များ စုစုပေါင်းအင်အား ၇၅ ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီက နတ်တလင်းမြို့နယ် သာစည်ရပ်ကွက် အိုးမြေတွင်း ခေမာသီဝံ ဘုန်းတော် ကြီးကျောင်းဝင်းအတွင်း၌ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ မြေသားချိုင့်ဝှမ်းများအား မြေဖို့ခြင်း၊ ကျောင်းတိုက်များ အတွင်းအပြင် တံမြက်စည်းလှည်းခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းစသော        လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ကာ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ ဗဟို အလုပ်အမှုဆောင်မကွေးတိုင်းဒေသကြီးပါ တီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊တိုင်းလူငယ်ရေးရာတာဝန်ခံ တိုင်းကော်မတီဝင် ဦးကျော်သူဦး၊တိုင်းကော်မတီဝင် ဦးအောင်နိုင်၊ မင်းဘူးခရိုင်ပါတီ ဥက္ကဋ္ဌ ဒေါ်သီမာလှိုင်၊ အတွင်း ရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ စလင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်းရှိ ငါးမြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ နှင့် လူငယ်ရေးရာတာဝန်ခံများ၊ ပါတီဝင်လူငယ်များ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူ

 

တနင်္သာရီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ထားဝယ် မြို့ တိုင်းဒေသကြီးပါတီရုံးအစည်း အဝေးခန်းမတွင် ယနေ့နံနက် ၅ နာရီခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော် ၁ဝ ပါးတို့အား ဆွမ်းဆက်ကပ်ပြီးနောက် ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြခြင်း၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ    ရွတ်ဆိုခြင်း၊ တက်ရောက်လာသူများက ဝါဆို သင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထုများ ဆက် ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်က ရေစက်ချတရားဟောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်ခန်းစာပို့ချ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော် သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်တန်းအား ယမန်နေ့ နံနက် ၈နာရီခွဲက ဆက်လက် ပို့ချလျက်ရှိရာ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက ‘စွမ်းရည်ပြည့်ဝပြီး အင်အားတောင့် တင်းသောပါတီဖြစ်ရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီအောင်နိုင်ရေး’ သင်ခန်းစာကိုလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီက ‘၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်ရေးဥပဒေ’ကိုလည်းကောင်း နှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ‘ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း သမိုင်းနှင့် ပါတီသမိုင်း’ကိုလည်းကောင်း အသီးသီးပို့ချခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှုခံယူသည့် သမ္မတဦးထင်ကျော် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဘန်ကောက်၌ အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူပြီးနောက် စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည်။ နိုင်ငံတော်သမ္မတသည် ဆေးကုသမှု ခံယူအပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြောင်း ဖော်ပြထားသည့် သမ္မတရုံးသတင်း ထုတ်ပြန်ချက် အောက်တွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက သမ္မတကြီးဦးထင်ကျော် ကျန်းမာစေရန် ဆုတောင်းပေး သူများ ရှိသကဲ့သို့ သမ္မတကြီး ပိန်သွားသည်ဟု ယူဆ၍ မှတ်ချက်ပြုထားသူများလည်းရှိသည်။

ဗြိတိန်မှ သင်တန်းဆိုင်းငံ့ခံရသော တပ်မတော်အရာရှိ ငါးဦးကို အမြန်ဆုံးပြန်လည်ခေါ်ယူမည်

ဗြိတိန်နိုင်ငံ၌ သင်တန်းပေးမှု ဆိုင်းငံ့ခံရသော တပ်မတော်အရာရှိငါးဦးကို မြန်မာနိုင်ငံသို့အမြန်ဆုံး ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက စက်တင် ဘာ ၂၀ ရက်တွင် သတင်းထုတ် ပြန်သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ် သက်၍ ဗြိတိန်ပါလီမန်အမတ် များက ဗြိတိန်နိုင်ငံတွင် သင်တန်း တက်ရောက်နေသော မြန်မာ့တပ် မတော် သင်တန်းသားများအား သင်တန်းဆိုင်းငံ့ပေးရန် တောင်း ဆိုမှုအရ အဆိုပါသင်တန်းသား အရာရှိများကို မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သမ္မတညွှန်ကြားချက်နှင့် ကော်မရှင်အကြံပြုချက်များ ပေါင်းစပ်ဆောင်ရွက်မည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြော

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီသည် နိုင်ငံတော်သမ္မတက တာဝန်ပေးထားသည့်အချက်များနှင့် အကြံပေးကော်မရှင်မှ အကြံပြုထားသည့် အချက်များကို ပေါင်းစပ်ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

လုံခြုံရေးဆောင်ရွက်ရာတွင် လုံလောက်သောအင်အားဖြင့် ဆောင်ရွက်ရမည်ဟု တပ်ချုပ်ပြော

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ရခိုင်ပြည်နယ် အကြမ်းဖက်ခံရသည့် ဒေသများ လုံခြုံရေးဆောင်ရွက်ရာတွင် လုံလောက်သော အင်အားဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။  သို့ရာတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ လုပ်ဆောင်ရန် လိုအပ်ကြောင်း တပ်ချုပ်က ပြောသည်။