NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကို အောက်တိုဘာ ၉ ရက် က စတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေသည်။

မြန်မာ့နိုင်ငံရေး ဦးဆောင်မှုတွင် မျိုးဆက်သစ်များပါဝင်မှု မြှင့်တင်ရေး အလေးပေးဆောင်ရွက်မည်ဟု Generation Wave ထုတ်ပြန်

 

မြန်မာ့နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် မျိုးဆက်သစ်များ၏ ပါဝင်မှုမြှင့်တင်နိုင်ရေး အလေးပေး ဆောင်ရွက်မည်ဖြစ်ကြောင်း မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Ge-neration Wave) ၏ ၁၀ နှစ်ပြည့် နိုင်ငံရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

စေတုတ္တရာမြို့နယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

 

စေတုတ္တရာမြို့နယ် ဖအိုင်းကျေးရွာတွင် ကျင်းပပြုလုပ်သော ၅ ဒိုင်နယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနား သို့ မင်းဘူးခရိုင်ပါတီကော်မတီဝင်များ ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်များနှင့်အတူ ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ တက်ရောက်လှူဒါန်း အားပေးချီးမြှင့်ခဲ့ကြပါသည်။

မဘိမ်းပြည်ခိုင်ဖြိုးပါတီမှ စေတနာရှင်လူငယ်အဖွဲ့အား ၀တ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ စေတနာရှင်လူငယ်အဖွဲ့ဝတ်စုံပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ( ၉)ရက်နေ့က မြိ့နယ်ပါတီရုံးတွင်ကျင်းပပြုလုပ်ရာ  မိုးမိတ်ခရိုင် ပါတီအတွင်းရေးမှူးဦးမြင့်လှိုင် ၊ မြို့နယ်ပါတီဥက္ကဌဦးဇော်လွင် ၊မြို့နယ်ပါတီကော်မတီဝင်များ စေတနာရှင်လူငယ်(၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

USDP Shan – North


သီ​ပေါတွင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ပ​ဒေသာပင်​ နှင့်​ အချိုရည်​များ လှူဒါန်း.

 

သီ​ပေါမြို့နယ်​လုံးဆိုင်​ရာ ၁၂၂ ကြိမ်​​မြောက်​ သံဃဒါန ဆွမ်း​တော်​ကြီး ​လောင်းလှူပွဲတွင်​ သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​မိသားစုများက (၆၀၆၀၆၀ိ)ကျပ်​ တန်​ဘိုးရှိ ပ​ဒေသာပင်​နှင့်​ ပွဲ​တော်​လာ ဧည့်​ပရိတ်​သတ်​များအား ပြည်​ခိုင်​ဖြိုးပါတီရုံး​ရှေ့တွင်​ အဟာရဒါနအချိုရည်​များ တိုက်​​ကျွေး ခဲ့ရာသို့ ပါတီဝင်​များ တက်​တက်​ကြွကြွ ပါဝင်​​ဆောင်​ရွက်​ခဲ့ကြပါသည်​ ။

crd;


မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၂/၂၀၁၇ အခမဲ့အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပသည့်၂/၂၀၁၇ အခမဲ့အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာလ ၉ ရက်နေ့က မြို့နယ်ပါတီရုံး တွင် ကျင်းပရာ အခမ်းအနားသို့ မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးဇော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းမှူးများ၊ သင်တန်းဆရာမ     ဒေါ်သင်းသင်းလဲ့နှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

၂ဝ၁၆-၂ဝ၁၇ခုနှစ် စာအောင်သံဃာတော်များကို ဆုချီးမြှင့်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ကန်/တောင် ရပ်ကွက် ထီးတန်းဓမ္မာရုံကြီးတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဦးဆောင် ၍ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် စာအောင် သံဃာတော်များအား ဆုချီးမြှင့်ပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာ တော် ဘဒ္ဒန္တဦးဥက္ကံသထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ ၄င်းနောက် မင်္ဂလာတောင်ညွန့်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်း လှိုင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ထုလှုပ်ရှားမှုအဖြစ် သန့်ရှင်းရေး ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် လူငယ်ထု လှုပ်ရှားဆောင်ရွက်မှုအဖြစ် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တော်လတီဒေသ တော်လတီကျောင်းကြီးကျောင်းဝင်းအတွင်း ဘုရား၊ စေတီ၊ တန်ဆောင်းနတ်လမ်းများအား သန့်ရှင်းရေးများပြုလုပ်ကာ ကုသိုလ်ယူဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ လူငယ်ထုလှုပ်ရှားဆောင်ရွက်မှုအား တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံ ကိုဟင်နရီသိန်းနှင့် လူငယ်၊ အမျိုးသမီးအဖွဲ့တို့ကဦးဆောင်ပါဝင်ပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်ကာ မွန်းလွဲ ၃ နာရီခွဲအထိ ကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်များနေ့ဂုဏ်ပြု သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ပြည်ခိုင် ဖြိုးလူငယ်အဖွဲ့သည် ယမန်နေ့နံနက် ၇ နာရီမှ ၁ဝ နာရီအထိ ကမ္ဘာ့လူငယ်များနေ့ကို ဂုဏ်ပြုသည့် လူငယ်လှုပ်ရှားမှုအနေဖြင့် ကျွန်းကုန်းမြသိန်းတန် ဘုရားတွင် မြို့နယ်ပါတီအတွင်းရေးမှူးဦးကျော်စိုးဝင်း ဦးဆောင်၍လူငယ်အင်အား၅ဝဖြင့် ဘုရားပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

တင်အောင်(လှည်းကူး)


ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ပဲခူးအမျိုးသားတန်းမြင့်ကျောင်းမြတ်ဆရာပူဇော်ပွဲတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း (အမျိုးသားတန်းမြင့်ကျောင်း) ဝိုင်အမ်ဘီအေခန်းမဆောင်၌ ကျင်းပသော ၁၉၆၁-၁၉၆၂၊ ၁၉၆၂-၁၉၆၃၊ ၁၉၆၃-၁၉၆၄၊ ၁၉၆၄-၁၉၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ဟောင်းများ၏  နဝမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် ပြန်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အားပေးချီးမြှောက်ပူဇော်ပြီး ငယ်စဉ်တောင်ကျေးကျောင်းသားဘဝတုန်းက အမှတ်တရ            အောက်မေ့ဖွယ် စကားများကို ပြောကြားခဲ့သည်။