ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ရေးအတွက် သတင်းအချက်အ လက်များ မျှဝေနိုင်ရန်နှင့် လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် သင်တန်းများ ပို့ချနိုင်ရန် သတင်းအချက်အလက်နှင့် သင်တန်းစင်တာ (BITC) ကို အောက်တိုဘာ ပထမပတ်က စတင်ကာ ပုဂံမြို့ဟောင်းတွင် ဖွင့် လှစ်ထားကြောင်း ဟိုတယ်နှင့်ခရီး သွားလာ ရေး ညွှန်ကြားမှု ဦးစီးဌာ န အထက်မြန်မာပြည်ရုံးခွဲ တာဝန် ခံ ဦးအောင်အေးဟန်က ပြော သည်။
အကြမ်းဖက်တိုက်ခိုက်ခံရသူများကို ကူညီရန် ရခိုင်မြောက်ပိုင်းသို့ UNA ယနေ့သွားမည်
အကြမ်းဖက်တိုက် ခိုက်ခံရသော တိုင်းရင်းသားမျိုးနွယ်စုများကို အားပေးကူညီရန် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် အချို့သို့ အောက်တိုဘာ ၁၂ ရက် (ယနေ့) သွားရောက်မည် ဖြစ်သည်။ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့် UNA၏ သုံးရက်ခန့်ကြာမည့် အဆိုပါ ခရီးစဉ်သည် အကြမ်းဖက်တိုက် ခိုက်ခံရမှုကြောင့် အခက်အခဲရှိသများထံ သွားရောက်အားပေးသည့် ပထမဆုံးခရီးစဉ် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။
NCA စာချုပ်သုံးသပ်မှု ပူးတွဲကြေညာချက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်မည်
NCA အရ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ခဲ့ရသော အားသာချက်၊ အားနည်းချက် သုံးသပ်မှုများကို အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက ပထမအကြိမ် ပူးတွဲကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း နှစ်ဖက်ပြော ရေးဆိုခွင့်ရှိသူများက ပြောသည်။
အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA)လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေး ဆိုင်ရာ ပူးတွဲကြေညာချက်ကို အောက်တိုဘာ ၁၅ ရက်တွင် ကျ ရောက်သည့် NCA (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့၌ ထုတ်ပြန်မည် ဖြစ်သည်။
ဥရောပကောင်စီညီလာခံမှာ မြန်မာ့အရေး ဆွေးနွေးဖို့ တိုက်တွန်းချက် ပယ်ချခံရ
ဥရောပကောင်စီ ပါလီမန်ညီလာခံ PACE မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အရေးပေါ်ဆွေးနွေးပွဲတစ်ခု ကျင်းပဖို့ တူရကီတို့ အဆိုပြုခဲ့ပေမယ့် ယမန်နေ့က ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။


မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ တူရကီကိုယ်စားလှယ်အဖွဲ့က တင်ပြလာတဲ့ ယင်းအဆိုပြုချက်ကိုတော့ ညီလာခံဗျူရိုက ပယ်ချ ခဲ့တာဖြစ်ကြောင်း စထရာဘော့ဂ်မြို့မှာ ပြုလုပ်တဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားမှာ PACE ရဲ့ ခေတ္တဥက္ကဌ Roger Gale က ပြောပါတယ်။
NCA ၂ နှစ်ပြည့်တွင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌတို့ မိန့်ခွန်း ပြောမည်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) ၂ နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်း အရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ မိန့်ခွန်းပြော မည်ဖြစ်သည်။
Scoot လေကြောင်းလိုင်း ရန်ကုန်-စင်ကာပူခရီးစဉ်ပျံသန်းမှုရပ်နား
Scoot လေကြောင်း လိုင်းက ရန်ကုန်-စင်ကာပူလေ ကြောင်းခရီးစဉ် ဖျက်သိမ်းလိုက် ကြောင်း စင်ကာပူနိုင်ငံမှ သတင်း များကို ကိုးကား၍ Global Air Ticketing စင်တာမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ Scoot လေကြောင်းလိုင်းသည် Tigerair လေကြောင်းလိုင်းနှင့် ဇူလိုင်အတွင်း ပူးပေါင်းပြီးနောက်ပိုင်း ရန်ကုန်-စင်ကာပူ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
NCA ၂ နှစ်ပြည့် အခမ်းအနားသို့ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးကို ဖိတ်ကြားမည်
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး ခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ကို ဖိတ်ကြားရန်အစိုးရနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ပအိုဝ်း အဖွဲ့ (PNLO)ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အိမ်နီးချင်းနိုင်ငံများမှ သံအမတ်များ မောင်တောဒေသသို့ သွားရောက်လေ့လာ
ARSA အကြမ်းဖက် သမားများ တိုက်ခိုက်ခဲ့သည့် မောင်တောဒေသသို့ အိမ်နီးချင်း နိုင်ငံများမှ သံအမတ်များ အောက်တိုဘာ ၁၀ ရက်က သွားရောက် လေ့လာခဲ့သည်။


တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ သံအမတ်များသည် စစ်တွေမြို့မှ တစ်ဆင့် မောင်တောမြို့သို့သွား ရောက်ခဲ့ပြီး ၎င်းတို့ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ဦးဆောင်ကာ သံအမတ်များနှင့်အတူ ပြည်တွင်း၊ ပြည်ပမီဒီယာသမားအချို့လည်း လိုက်ပါလာသည်။
သေဒဏ်ကျမြန်မာနှစ်ဦးအမှု တရားလိုလျှောက်လဲချက် အောက်တိုဘာ ၂၂ နောက်ဆုံးတင်ရမယ်
တရားလို ထိုင်းရဲတပ်ဖွဲ့က အယူခံလျှောက်လဲချက် တင်ရမှာပါ။ သေဒဏ်ကျခံနေရတဲ့ မြန်မာလုပ်သား နှစ်ဦးအတွက် မြန်မာဘက်က တင်သွင်းထားတဲ့အယူခံကို ချေဖျက်တဲ့ အယူခံလျှောက်လဲချက်ကို တရား လိုဖြစ်တဲ့ ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်မှာ နောက်ဆုံးထား တင်သွင်းဖို့ ထိုင်းနိုင်ငံ အယူခံတရားရုံးက သတ်မှတ်လိုက်ပါတယ်။

ARSA ထပ်မံတိုက်ခိုက်နိုင်တဲ့အပေါ် သတိရှိရှိ ပြင်ဆင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ပြော
နေပြည်တော်(အောက်တိုဘာ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားတဲ့ အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA)လို့ နာမည်ခံယူထားတဲ့ အာဆာအဖွဲ့နဲ့ စေ့စပ်၊ ညှိနှိုင်းဖို့ မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောဆိုလိုက်ပါတယ်။

