
ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံရှိ မြို့ကြီးသုံးမြို့အကြား နှစ်ဖက်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များအကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E.Mr.Vitaly Saveliev ၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာဖိုရမ်နှင့် Transport ၂၀၂၂ ပြပွဲသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်အတွင်း အထက်ပါသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။








