၂ဝ၁၆-၂ဝ၁၇ခုနှစ် စာအောင်သံဃာတော်များကို ဆုချီးမြှင့်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ကန်/တောင် ရပ်ကွက် ထီးတန်းဓမ္မာရုံကြီးတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဦးဆောင် ၍ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် စာအောင် သံဃာတော်များအား ဆုချီးမြှင့်ပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာ တော် ဘဒ္ဒန္တဦးဥက္ကံသထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ ၄င်းနောက် မင်္ဂလာတောင်ညွန့်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်း လှိုင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ထုလှုပ်ရှားမှုအဖြစ် သန့်ရှင်းရေး ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် လူငယ်ထု လှုပ်ရှားဆောင်ရွက်မှုအဖြစ် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တော်လတီဒေသ တော်လတီကျောင်းကြီးကျောင်းဝင်းအတွင်း ဘုရား၊ စေတီ၊ တန်ဆောင်းနတ်လမ်းများအား သန့်ရှင်းရေးများပြုလုပ်ကာ ကုသိုလ်ယူဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ လူငယ်ထုလှုပ်ရှားဆောင်ရွက်မှုအား တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံ ကိုဟင်နရီသိန်းနှင့် လူငယ်၊ အမျိုးသမီးအဖွဲ့တို့ကဦးဆောင်ပါဝင်ပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်ကာ မွန်းလွဲ ၃ နာရီခွဲအထိ ကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်များနေ့ဂုဏ်ပြု သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ပြည်ခိုင် ဖြိုးလူငယ်အဖွဲ့သည် ယမန်နေ့နံနက် ၇ နာရီမှ ၁ဝ နာရီအထိ ကမ္ဘာ့လူငယ်များနေ့ကို ဂုဏ်ပြုသည့် လူငယ်လှုပ်ရှားမှုအနေဖြင့် ကျွန်းကုန်းမြသိန်းတန် ဘုရားတွင် မြို့နယ်ပါတီအတွင်းရေးမှူးဦးကျော်စိုးဝင်း ဦးဆောင်၍လူငယ်အင်အား၅ဝဖြင့် ဘုရားပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

တင်အောင်(လှည်းကူး)


ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ပဲခူးအမျိုးသားတန်းမြင့်ကျောင်းမြတ်ဆရာပူဇော်ပွဲတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း (အမျိုးသားတန်းမြင့်ကျောင်း) ဝိုင်အမ်ဘီအေခန်းမဆောင်၌ ကျင်းပသော ၁၉၆၁-၁၉၆၂၊ ၁၉၆၂-၁၉၆၃၊ ၁၉၆၃-၁၉၆၄၊ ၁၉၆၄-၁၉၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ဟောင်းများ၏  နဝမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် ပြန်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အားပေးချီးမြှောက်ပူဇော်ပြီး ငယ်စဉ်တောင်ကျေးကျောင်းသားဘဝတုန်းက အမှတ်တရ            အောက်မေ့ဖွယ် စကားများကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းချုပ် တတိယအကြိမ်ညီလာခံ မော်လမြိုင်တွင် ကျင်းပ

 

မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေး အသင်းချုပ်အနေဖြင့် အသင်းအဖွဲ့ တရားဝင်မှတ်ပုံတင်နိုင်ရေးနှင့် ပတ်သက်ပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရေး တတိယအကြိမ် ညီလာခံကို အောက်တိုဘာ ၈ ရက် က မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်ရှိ ဓမ္မနန္ဒီစာသင် တိုက်တွင် ကျင်းပခဲ့သည်။

NCA လက်မှတ်ရေးထိုးမှု ၂ နှစ်ပြည့်အခမ်းအနား နိုင်ငံတော်အဆင့်ပြုလုပ်ရန် စီစဉ်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် နှစ်ပတ် လည် အခမ်းအနားကို နိုင်ငံတော်အဆင့် ပြုလုပ်ရန် သဘောတူညီမှုရရှိပြီး အခမ်းအနားကျင်းပရေးပြင်ဆင် သည့် ဆွေးနွေးပွဲကို ရက်ပိုင်းအတွင်း ပြုလုပ်မည်ဟု အစိုးရနှင့် NCA လက်မှတ်ထိုးရှစ်ဖွဲ့ကိုယ် စားလှယ်များက ပြောသည်။

အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICESCR) တွင် မြန်မာနိုင်ငံပါဝင်ကြောင်း အတည်ပြု

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) တွင်  မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ကြောင်း အကြောင်းကြားစာ (Instrument of Ratification) နှင့် တရားဝင် ကြေညာချက် (Declaration) တို့အား မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

မြန်မာရေတပ်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိရေတပ်အကယ်ဒမီတွင် ၇ ရက်ကြာ လေ့လာ

အိန္ဒိယရေတပ်အကယ်ဒမီ (INA) သို့ ခုနှစ်ရက်တာအလည်အပတ် ခရီးစဉ်ဖြင့်ရောက်ရှိနေခဲ့သော မြန်မာ ရေတပ် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ကိုချီမြို့မှ ထွက်ခွာသွားခဲ့သည်။

မြန်မာစစ်တက္ကသိုလ်မှ ဗိုလ်မှူးသိုက်ဇော်ဟိန်းနှင့် ဗိုလ်ကြီးကိုကိုမင်းတို့ ဦးဆောင်၍ရောက်ရှိလာခဲ့သော အရာရှိလောင်းငါးဦး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယရေတပ် အကယ်ဒမီ (INA) သို့ အောက်တိုဘာ ၁ ရက်နေ့ ကတည်းက အလည်အပတ်ရောက်ရှိနေခဲ့ပြီး INA ရှိ အခြေခံအဆောက်အဦးများ၊ ပညာရပ်ပိုင်းဆိုင်ရာ အထောက်အပံ့ ပစ္စည်းများနှင့်   လေ့ကျင့်ပုံ နည်းစနစ်များကို လေ့လာခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်/ကျေးအဖွဲ့များအား တွေ့ဆုံ

 

ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတိုင်​ပင်​ခံ ဦးရဲမြင့်​သည်​( ​​( ၆.၁၀.၂၀၁၇) ရက်နေ့ နေ့လည်​( ၀၁း၀၀) နာရီအချိန်​တွင်​ ညောင်​ဦးမြို့နယ်​ပါတီရုံး၌ ​ညောင်​ဦး မြို့နယ်​​ ကော်​မတီအဖွဲ့နှင့်​ညောင်​ဦးမြို့နယ်​အတွင်းရှိ ရပ်​​/​ကျေးအဖွဲ့များ အား​ တွေ့ဆုံပြီး ပါတီ​ရေးရာကိစ္စရပ်​များ လမ်းညွှန်​​ဆွေး​နွေးခဲ့ပါသည်​။

အဆိုပါ​​တွေ့ဆုံပွဲသို့ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးသန်း​ဌေး၊ ခရိုင်​ပါတီဥက္ကဌ ဦးညွန့်​ဝင်း၊ မြို့နယ်​ပါတီဥက္ကဌ ဦး​ဌေးလွင်​နှင့့်​ကော်မတီဝင်များ၊ ရပ်​/​ကျေးအဖွဲ့များ တက်​​ရောက်​ခဲ့ကြ     ​ကြောင်းသိရှိရပါသည်​။

မြင်းခြံမြို့ ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ် (၃) နှစ်ပြည့် စုံညီပွဲတော်တွင် အာဟာရဒါနများ ပြုလုပ်လှူဒါန်း

 

မြင်းခြံမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ် (၃) နှစ်ပြည့် စုံညီပွဲတော်ကို (၈.၁၀.၂၀၁၇) ရက်​​နေ့တွင်​ ကျင်းပပြုလုပ်​​ခဲ့ပါသည်။

မြင်းခြံမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်း(၃)နှစ်ပြည့် စုံညီပွဲတော်တွင်​ မြင်းခြံမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စုံညီပွဲတော်သို့ ကြွရောက်ချီးမြှင့်ကြသော မိဘပြည်သူများနှင့် ဓမ္မစကူးလ်ကျောင်းသား၊ ကျောင်းသူများကို အဟာရဒါနအဖြစ် မုန့်ဖက်ထုပ်၊ ရေသန့်ဗူး၊ ကိတ်မုန့် ထုပ်များဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

crd;