

နယ်မြေတည်ငြိမ်အေး ချမ်းလာသဖြင့် ဘူးသီးတောင်- မောင်တောဒေသမှ လုံခြုံရေးတပ် ဖွဲ့ဝင်အချို့ စတင် ထုတ်နုတ်ကာ စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားကြောင်း တပ်မတော်က ယမန်နေ့တွင် သတင်း ထုတ်ပြန်သည်။ ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့က ဘူးသီးတောင် -မောင်တောဒေသရှိ ရဲကင်းစခန်း ၃၀ ကို တိုက်ခိုက်ခဲ့သည့် သြဂုတ် ၂၅ ရက်က စတင်၍ ဒေသတွင်းလုံခြုံရေးကို တပ်မတော်နှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့က တာဝန်ယူကာ နယ်မြေရှင်းလင်းရေးလုပ်ငန်း များလုပ်ဆောင်ခဲ့သည်။








