ဒုသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံ

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ လစဉ်ပုံမှန်တွေ့ဆုံပွဲကို ၁၁ ကြိမ်မြောက် အဖြစ် အောက်တိုဘာလ ၂၇ ရက်က ရန်ကုန်မြို့၊ UMFCCI ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဒေသတွင်း စီးပွားရေးဆိုင်ရာ တင်သွင်းမှုများ၊ မော်တော်ယာဉ်လုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေး၊ မွေးမြူရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာများအား သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်းများ က တင်ပြဆွေးနွေး ခဲ့ကြသည်။

မောင်တော၌ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ကွင်းဆင်းလုပ်ဆောင်လျှက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌ နိုင်ငံသား စိစစ်ရေးလုပ်ငန်းနှင့် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား ထုတ်ပေးရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန မှ ကွင်းဆင်းလုပ်ဆောင်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (အဌမ)အကြိမ် ပါတီနှစ်စဉ် ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

(၂၇.၁၀.၂၀၁၇) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (အဌမ) အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသ ကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်း ညှိနှိုင်းအစည်းအ​ဝေး (၉/၂၀၁၇) ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်ကျော်​မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သီ​ပေါတွင်​ တတိယသုံးလပတ်​ လုပ်​ငန်းညှိနှိုင်း​ဆွေး​နွေးပွဲအ​တွေ့အကြုံ ရှင်းလင်းခြင်းနှင့်​ ​ရှေ့လုပ်​ငန်းစဉ်​များ​ဆွေး​နွေး

သီ​ပေါမြို့နယ် ပါတီ​ကော်​မတီများ၏ လပတ်​အစည်းအ​ဝေးနှင့်​ ပြည်​နယ်​ တတိယ သုံးလပတ်​ လုပ်​ငန်းညှိနှိုင်းစည်း​ဝေးပွဲ၏ အ​တွေ့အကြုံနှင့်​ ပါတီ၏ ​ရှေ့လုပ်​ငန်းစဉ်​များ ​ဆွေး​နွေးပွဲကို ၂၇.၁၀.၂၀၁၇ နံနက်​ ၉း၃၀ နာရီ အချိန်က မြို့နယ်​ရုံးခန်းမတွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်။
 
အဆိုပါအခမ်းအနားသို့ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိုင်းစိန်​လင်း၊ ခရိုင်​ပါတီ​ကော်မတီ ဦးအုန်း​မောင်​၊ မြို့နယ်​ဥက္ကဌ ဦး​အောင်​​အောင်​နှင်​ မြို့နယ်​​ကော်​မတီများ တက်​​ရောက်​ကြပါသည်​။
 
ဆွေး​နွေးပွဲတွင်​ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိုင်းစိန်​လင်းမှ ပြည်​နယ်​တတိယ သုံးလပါတ်​ လုပ်ငန်းအ​တွေ့အကြုံများကို လည်းကောင်း၊ မြိုနယ်​ဥက္ကဌ ဦး​အောင်​​အောင်​မှ ​ရှေဆက်​လုပ်​​ဆောင်​ရမည့်​ လုပ်​ငန်းစဉ်​များကို ရှင်းလင်း​ဆွေး​နွေးခဲ့ပါသည်​။
 
၎င်းေ​နာက်​ တက်​​ရောက်​လာကြ​သော ခရိုင်​နှင့်​မြို့နယ်ပါတီ​ကော်​မတီဝင်​များက အကြံပြု​ဆွေး​နွေးကြပါသည်​။ ထို့​နောက်​ မြို့နယိဥက္ကဌမှ လုပ်​ငန်း ညှိနှီုင်း စည်း​ဝေးပွဲ၏ ဆုံးဖြတ်​ချက်​များကို ဖတ်​ကြားပြီး အစည်း​အဝေးကို ၁၁း၃၀ နာရီအချိန်​တွင်​ ​အောင်​မြင်​စွာဖြင့်​ ပြီး​မြောက်​​စေခဲ့ပါသည်​ ။
 
credit >>> ag ag

မုဒုံပြည်ခိုင်ဖြိုးပါတီမှ အလှူငွေလှူဒါန်း

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်ကျော်လွင်၊ ပြည်နယ်ကော်မတီဝင် ဦးဇော်မြင့်၊ ခရိုင်ကော်မတီဝင် ဦးမင်းအောင်မြင့်နှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့ အောက်တို ဘာလ (၂၈) ရက်နေ့တွင် ကတုံးပေါ်ကျေးရွာ ဘုန်းကြီးကျောင်း ဘုံကထိန် ပွဲသို့ သွားရောက်ကာ ကျောင်းတိုက်ဆရာတော်ထံ အလှူငွေ (၁၂၅၀၀၀)အား ကပ်လှူ လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများ ဆွေးနွေးလျှောက်ထားပြီး အလှူငွေများလှူဒါန်း

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးခင်မောင်ရွှေ ၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်တို့သည် အောက်တိုဘာ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန်က မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဦးနန္ဒိယအား ဖူးမျှော်ကြည်ညိုပြီး ဘာသာရေးဆိုင်ရာ မိမိတို့ပါတီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ဆွေးနွေးလျှောက်ထားပြီး အလှူငွေများ လှူဒါန်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး၏အမှာစကားကောက်နှုတ်ချက်များ


ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဇလွန်ပြည်တော်ပြန်ဘုရားဖူးမျှော်

အောက်တိုဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဇလွန်မြို့သို့ရောက်ရှိကာ ဇလွန်ပြည်တော်ပြန်ဘုရားဖူးမျှော်၍ ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ပါသည်။

ဆက်လက်၍ ပြည်တော်ပြန်ဘုရားကြီး ဂေါပကအဖွဲ့အား ဘုရားကြီးဝေယာဝစ္စအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

#ပသဆ

လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

(27.10.2017) သောကြာနေ့

ပဲခူးတိုက်းဒေသကြီး(အနောက်ပိုင်း)  ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၀၆ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင် ပါတီကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လှူဖွယ် ပစ္စည်းများနှင့် ဆရာတော်သံဃာတော်များအား လောင်းလှူပူဇော်ခဲ့ပါသည်။

DuWonKyal

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၈) မြို့နယ်ပါတီတွေ့ဆုံပွဲကျင်းပ

27.10.2017 – သောကြာနေ့

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော ပဲခူးခရိုင် (၈) မြို့နယ် ပါတီတွေ့ဆုံပွဲအား ယနေ့ 27-10-2017 ရက်နေ့ သောကြာနေ့ နံနက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး ၊ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးစောမော်ထွန်းတို့ တက်ရောက်ပြီး ပဲခူးခရိုင် ၈ မြို့နယ် မှ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ မီဒီယာတာဝန်ခံများနှင့် မြို့နယ်ကော်မတီဝင်များအား ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ၊ ပါတီမူဝါဒများနှင့် မီဒီယာလုပ်ငန်းဆိုင်ရာများကို အပြန်အလှန် တိုင်ပင်ဆွေးနွေးခဲ့ကြပါ သည်။