စံချိန်တင်လစာ တစ်ပတ်ပေါင် ၅၀၅၀၀၀နဲ့ မန်ယူကို ဆန်းချက်ဇ် ပြောင်းတော့မယ်

အာဆင်နယ်အသင်း တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ ဗြိတိန်စံချိန်တင်လစာနဲ့ မန်ယူကို ပြောင်းဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိတဲ့ ဆန်းချက်ဇ်ဟာ တစ်ပတ်ကို ဆုကြေးနဲ့ အခြေခံလစာ အပါအ၀င် ပေါင် ၅၀၅၀၀၀ အထိ ရရှိမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်က သူ့နေရာ အစားထိုးမယ့်သူရတာနဲ့ ဆန်းချက်ဇ်ဟာ မန်ယူနဲ့ ၄ နှစ်ခွဲ စာချုပ်လက်မှတ်ထိုးသွားမှာဖြစ်ပြီး လာမယ့်တစ်ပတ်ဘန်လေနဲ့ ပွဲမှာ ပါဝင်နိုင်ဖို့အတွက် လက်မှတ် အမြန်ဆုံးထိုးနိုင်ဖို့ မန်ယူနည်းပြမော်ရင်ဟိုကလည်း အလိုရှိနေတယ်လို့ သိရပါတယ်။

Laureus ဆုအတွက် စီရော်နယ်ဒိုနဲ့ ရီးရဲလ်တို့အမည်စာရင်း ပါဝင်လာ

အားကစားလောကရဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုတစ်ခုဖြစ်တဲ့ Laureus World Sportsman of the Year ဆုအတွက် နောက်ဆုံး အမည်စာရင်း ထွက်ပေါ်လာခဲ့ရာမှာ အမျိုးသားဆုအတွက် ကစားသမား ၆ ဦးထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်း တိုက်စစ်မှူး စီရော်နယ်ဒို ပါဝင်လာတယ်လို့ သိရပါတယ်။

ဝိန်းရူနီကြောင့် အဲဗာတန်ကို ပြောင်းလာခဲ့တာလို့ ၀ဲလ်ကော့ ဆို

အာဆင်နယ်ကနေ အဲဗာတန်အသင်းဆီ ပေါင်သန်း ၂၀နဲ့ ပြောင်းလာခဲ့တဲ့ ၀ဲလ်ကော့က သူဒီကို ပြောင်းလာတဲ့ အကြောင်းအရင်းတွေထဲမှာ ရူနီရှိနေခြင်းက အဓိကကျခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဝဲလ်ကော့ဟာ အဲဗာတန်နဲ့ ၃ နှစ်ခွဲစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ စာချုပ်လက်မှတ်ထိုးပြီးချိန်မှာ ၀ဲလ်ကော့က “ဒီကိုမလာခင်ရူနီနဲ့စကားတွေအများကြီး ပြောဖြစ်ခဲ့ပါတယ်။ အဲဗာတန်ဟာဘောလုံးကစားဖို့ တကယ်ကောင်းတဲ့ နေရာ ဖြစ်ပြီး ထိပ်တန်းအဆင့်ရှိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ကစားသမားဘ၀ကနေ ရော်နယ်ဒင်ညိုအနားယူပြီ

ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးတဲ့ ရော်နယ်ဒင်ဟိုဟာ ကစားသမားဘ၀ကနေ အနားယူပြီလို့ ကစားသမားရဲ့အကိုနဲ့ အေးဂျင့်လည်းဖြစ်တဲ့သူက အတည်ပြုခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒင်ညိုဟာ ၂၀၁၅မှာ ဖလူမင်နိစ်အသင်းကနေထွက်ခွာကတည်းက ဘယ်အသင်းမှာမှကစားခဲ့ခြင်းမရှိဘဲ အခုအချိန်မှအနားယူတာပဲဖြစ်ပါတယ်။

ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ အေစီမီလန်တို့မှာ ရော်နယ်ဒင်ညို ကစားခဲ့ဖူးပါတယ်။ ၂၀၀၂ကမ္ဘာ့ဖလားမှာ ဘရာဇီးနဲ့ အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာနဲ့လည်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။

မြောက်ကိုရီးယားတိုက်စစ်မှူး ဟန်ကွောင်ဆောင်ကို ခေါ်ယူရန် ဂျူဗင်တပ် ပစ်မှတ်ထား

ဂျူဗင်တပ်အသင်းဟာ ကက်ဂလီယာရီအသင်းက မြောက်ကိုရီးယား တိုက်စစ်မှူး ဟန်ကွောင်ဆောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဟန်ကွောင်ဆောင်ဟာ ၂၀၁၅မှာ ကက်ဂလီယာရီအကယ်ဒမီကို ရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၇၊ ဧပြီလ (၂)ရက်နေ့က ပါလာမိုကို(၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားလဲကစားခွင့် ရရှိခဲ့ပြီး စီးရီးအေမှာ ကစားခွင့် ရရှိတဲ့ ပထမဆုံး မြောက်ကိုရီးယားကစားသမားဖြစ်ခဲ့ပါတယ်။

မော်ရင်ဟိုနှင့်စာချုပ်သစ်ချုပ်ဆိုရန် မန်ယူနီးစပ်

မန်ယူအသင်းဟာ နည်းပြမော်ရင်ဟိုနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မန်ယူရဲ့ အပြောင်းအရွှေ့ ငွေကြေး သုံးစွဲမှုအပေါ် ဝေဖန်ခဲ့ပြီး ဟိုတယ်မှာသာ တည်းခိုနေထိုင်တာကြောင့် မော်ရင်ဟို ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အသက်(၅၅)နှစ်အရွယ် မော်ရင်ဟိုကတော့ သူ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ဇန်န၀ါရီအစောပိုင်း ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အောင်သူက ထိုင်းလိဂ်ရဲ့ အကောင်းဆုံး အာဆီယံသွင်းကုန်လား၊

ဇန်န၀ါရီလ(၁၅)ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် ပုလိစ်တယ်ရိုအသင်းနှင့် ဘန်ကောက်အသင်းတို့၏ ရာသီကြိုခြေစမ်းပွဲစဉ်တွင် တိုက်စစ်မှူး အောင်သူမှာ သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့ပြီး ယင်းပွဲစဉ်အပြီးတွင် PoliceTeroအသင်း မန်နေဂျာက တိုက်စစ်မှူး အောင်သူ အား အာဆီယံအကောင်းဆုံး ကစားသမားဖြစ်လာရန် ထိုင်းလိဂ်မှ ပြုလုပ်ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ချီးကျူးပြောကြားသွားခဲ့သည်။

ကွင်းလယ်လူဒယ်လီအလီကို များပြားတဲ့လစာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စပါးစီစဉ်နေ

စပါးအသင်းဟာ ကွင်းလယ်လူဒယ်လီအလီကို များပြားတဲ့ လုပ်ခလစာနဲ့ စာချုပ်သက်တမ်း တိုးနိုင်ဖို့ စတင်ကြိုးပမ်း နေပါပြီ။ လက်ရှိမှာ အလီဟာ တစ်ပတ်လုပ်ခလစာ ပေါင်(၅၀၀၀၀)၀န်းကျင် ရရှိနေပြီး အဲဒီလုပ်ခ လစာရဲ့(၂)ဆ ပေါင်(၁၀၀၀၀၀)နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စပါးအသင်း စီစဉ်နေတယ်လို့သိရပါတယ်။

UEFA တစ်နှစ်တာအကောင်းဆုံးအသင်းကို ထုတ်ပြန်

ယူအီးအက်ဖ်အေဟာ ၂၀၁၇ အတွက် တစ်နှစ်တာ အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာမှာ နေမာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

နေမာဟာပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဘာစီလိုနာကနေပေါင် ၁၉၈ သန်းနဲ့ ပီအက်စ်၈ျီကို ပြောင်းခဲ့တာဖြစ်ပါတယ်။

နေမာဟာမက်ဆီနဲ့ စီရော်နယ်ဒိုတို့ပြီးရင် ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထား ရသူ ဖြစ်ပါတယ်။

ဆန်းချက်ဇ်ကို ခေါ်ယူရန် ပေါင် ၂၅ သန်းသာမက မစ်ခီတာယန်ပါ အလိုက်ပေးမည်ဟု မော်ရင်ဟိုကမ်းလှမ်း

မန်ယူနည်းပြ မော်ရင်ဟိုသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသို့ ဖုန်းခေါ်ဆို၍ ဆန်းချက်ဇ်ကို ပေါင် ၂၅ သန်း ဖြင့် ခေါ်ယူရန်နှင့် မစ်ခီတာယန်အား အလိုက်ပေးရန် ဆွေးနွေးခဲ့သည်ဟု ဗြိတိန်သတင်းများက ဖော်ပြသည်။

ဆန်းချက်ဇ်သည် မန်ယူ၏ ပြိုင်ဘက်မန်စီးတီးသို့ ယခုလအတွင်း ပြောင်းရွှေ့ရန် သေချာသလောက်ရှိပြီး နည်းပြဟောင်း ဂွာဒီယိုလာနှင့် လက်တွဲရန် စိတ်အားထက်သန်နေသည်။ သို့သော် ဆန်းချက်ဇ်အတွက် မန်စီးတီးက ပေါင်သန်း ၂၀ သာ ပေးရန် ပြင်ဆင်ထားသည်။