
ချန်ပီယံလိဂ်ပြိုင်ပွဲ ရဲ့ဂိုး ၈၀၀၀ မြောက်ကိုသွင်းယူခဲ့သူက အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းမဟုတ်ဘဲ စပါးကွင်းလယ်လူ လာမီလာ ဖြစ်တယ်လို့ UEFA ကအတည်ပြုလိုက်ပါတယ်။ အစောပိုင်းမှာ ဘရုဂျက်ဘက် ကို ဂရစ်ဇ်မန်းသွင်းတဲ့ ဂိုးက ၈၀၀၀ မြောက်ဖြစ်တယ်လို့ သတ်မှတ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဘာစီလိုနာ ဘက်ကို လာမီလာသွင်းခဲ့တဲ့ ဂိုးကသာအမှန်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။









