
ဥရောပဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မတီက မဲခွဲဆုံးဖြတ်ပြီးနောက် ဂျာမနီနိုင်ငံသည် တူရကီကို ဖြတ်ကျော်၍ ယူရို ၂၀၂၄ ပြိုင်ပွဲကို ကျင်းပခွင့်ရရှိခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့တွင် မဲခွဲမဆုံးဖြတ်မီ ဂျာမနီနှင့် တူရကီက ပြိုင်ပွဲကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယူအီးအက်ဖ်အေ ဆုံးဖြတ်ချက်ကြောင့် ဂျာမနီသည် အရှေ့ နှင့်အနောက် ပြန်လည်ပေါင်းစည်းပြီးနောက် ပထမဆုံးအကြိမ် ယူရိုဘောလုံးပြိုင်ပွဲကျင်းပခွင့်ရမည်ဖြစ်သည်။ အနောက်ဂျာမနီ က ယင်းပြိုင်ပွဲကို ၁၉၈၈ တွင် နောက်ဆုံး လက်ခံကျင်းပခဲ့သည်။









