
ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲသာ ပြိုင်ပွဲအရေအတွက် ၂၅ ပွဲထိ ဖြစ်လာခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ နုတ်ထွက်မယ်လို့ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ရရှိဖို့ အခြေအနေကောင်းနေတဲ့ ဗြိတိန် ပြိုင်ကားမောင်းသမား လူးဝစ် ဟာမီလ်တန်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ အမြင့်ဆုံး ကားမောင်းပြိုင်ပွဲဖြစ်ပြီး အနာဂတ်မှာ ပြိုင်ပွဲကို ကမ္ဘာအရပ်ရပ်မှာ ကျင်းပလာနိုင်ရေးအတွက် ဥက္ကဋ္ဌ ဖြစ်သူ အက်ကလက်စတုန်းက ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။









