
မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ မော်ရင်ဟိုဟာ ပေါ့ဂ်ဘာကို ပွဲကစားခွင့် မပေးတော့ပေမယ့် ရောင်းချဖို့တော့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။
ပေါ့ဂ်ဘာဟာ မန်ယူအသင်းရဲ့ ပွဲစဉ်နှစ်ပွဲစလုံးမှာ အရန်ကစားသမားအဖြစ်ပဲ ပါဝင်ခဲ့ရပြီး မော်ရင်ဟိုကလည်း သူ့ရဲ့ နည်းစနစ်အသစ်မှာ အံမဝင်တာကြောင့် ပွဲထွက်အသုံးမပြုခဲ့တာလို့ သိရပါတယ်။
ပရီးမီးယားလိဂ်နှစ်ပွဲမှာ ပေါ့ဂ်ဘာကို ပွဲထွက်ကစားခွင့် မပေးခဲ့ပေမယ့် ဗလင်စီယာနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာတော့ ပေါ့ဂ်ဘာကို ပွဲထွက်ကစားစေမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။









