
ချဲလ်ဆီးအသင်းတောင်ပံကစားသမား ဟာဇက်ဟာ ၂၀၁၈ အတွက်ဘယ်လ်ဂျီယံတစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုကို ရရှိခဲ့တယ်လို့သိရပါတယ်။
ဒီဆုကို ဘောလုံးသမားတွေထဲမှာ ဟာဇက်အပါအ၀င် ၃ ယောက်သာရရှိခဲ့ဘူးပါသေးတယ်။ ဒီဆုကို ၂၀၁၄ မှာ ကော်တွိုက်စ်၊ ၂၀၁၅ မှာ ဒီဘရူနီ တို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ ၂၀၁၈ အတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး ချဲလ်ဆီးနဲ့အတူ အက်ဖ်အေဖလားကို ဆွတ်ခူးခဲ့သလို ဘယ်လ်ဂျီယံ အသင်းနဲ့လည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ တတိယ ရခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေမှာ ဟာဇက် ကအဓိက ကျသူဖြစ်ခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ဂိုးကိုသွင်းယူခဲ့သူဖြစ်ပါတယ်။









