
ကာတာအသင်း အနိုင်ယူခဲ့တဲ့ အသင်းတွေထဲမှာ ဆော်ဒီ၊ တောင်ကိုရီးယား၊ ယူအေအီး နဲ့ ဂျပန်တို့လို နာမည်ကြီးအသင်းတွေ ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် အာရှဖလားချန်ပီယံ ကာတာအသင်းသားတွေဟာ မက်မောလောက်စရာ ဆုကြေးငွေတွေနဲ့ အခြားသော အကျိုးခံစားခွင့်တွေကို ရရှိခဲ့တယ်လို့ Fox Sports Asia က ရေးသားဖော်ပြခဲ့ပါတယ်။ အီရန်မီဒီယာတစ်ခုရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ပြန်လည်ရေးသားထားရာမှာ ကာတာကစားသမားတစ်ဦးချင်းစီဟာ ဆုကြေးငွေပေါင် (၂)သန်းစီ ရရှိခဲ့တယ်လို့ သိရပါတယ်။









