၁၃၇၉ ခုနှစ် ၊ တန်ဆောင်မုန်းလဆုတ် ( ၁၃ ) ရက်
၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ( ၁၆ ) ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ် နယ်မြေ တာဝန်ခံနှင့် ပြည်နယ်ပါတီ ခရိုင်ပါတီများနှင့် မြို့နယ်ပါတီများ လုပ်ငန်း ညှိနိုင်းအစည်းအဝေး
ကယားပြည်နယ်၊ လွိုင်ကော်၊ နိုဝင်ဘာလ (၁၆) ရက်
၁၆-၁၁-၂၀၁၇ ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အောက်ထပ် အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖါးဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌများ၊ အတွင်း ရေးမှူးနှင့် ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံကာ ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ပါသည်။
ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ (၈) မြို့နယ် လူငယ် ခေါင်းဆောင်များ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများအကြောင်း စာတမ်းဖတ်ကြားဆွေးနွေး
မြောက်ပိုင်းခရိုင် နိုဝင်ဘာ ၁၅
ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီသည် (၈ ) မြို့နယ် လူငယ်ခေါင်းဆောင်များက မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများအကြောင်း စာတမ်းပြုစု ဖတ်ကြားဆွေးနွေးပွဲ အား ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ခရိုင်ပါတီရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
မာန်အောင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပါတီ ဆိုင်းဘုတ်တင်ပွဲများ ပြုလုပ်
နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက မာန်အောင်မြို့နယ် ကင်းတဲအုပ်စု ကင်းတဲကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကို ပြုလုပ်ကျင်းပခဲ့ပြီး နေ့လည်ပိုင်းက မီးလောင်ထောင့် ကျေးရွာအုပ်စု ဇလပ်ပြင်ကျေးရွာ တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ပါတီဆိုင်းဘုတ်တင်ပွဲသို့ ပြည်နယ်ကော်မတီဝင်ဦးသိန်းနု၊ ခရိုင် ဥက္ကဋ္ဌ ဦးမြလင်း၊ခရိုင်ကော်မတီဝင် ဦးကျော်လှဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်မြို့နယ်ကော်မတီဝင်များ၊ မြို့နယ် ရုံးဝန်ထမ်းများ ရပ်ကျေးပါတီခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များ၊ ကျေးရွာအတွင်းရှိ လူငယ်များ၊အမျိုးသမီးငယ်များ တက်ရောက်အားပေးခဲ့ ကြသည်။
ပြည်ခိုင်ဖြိုးပါတီမှ (၃၈) ကြိမ်မြောက် ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလ စာမေးပွဲစာအောင်သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူ
မိုးကောင်း နိုဝင်ဘာ ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့တွင် ပြုလုပ်ကျင်းပသည့် နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၂း၃၀ နာရီအချိန်တွင် (၃၈) ကြိမ်မြောက် ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလ စာမေးပွဲစာအောင် သံဃာ တော်များနှင့် ဥသျှောင်ဆရာတော်ကြီးများကို မိုးကောင်းမြို့ရှိ ဌာနပေါင်းစုံ၊ ရပ်ကွက်ပေါင်းစုံ၊ ကျေးရွာပေါင်းစုံများနှင့်အတူ မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ စည်းရုံးရေးတာဝန်ခံများ၊
အင်အား ၂၀ဦး ဖြင့် ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များ သံဃာတော်ပေါင်း ၃၀၀ ကျော်ကို ဌာနပေါင်းစုံ၊ ရပ်ကွက်ပေါင်းစုံ၊ ကျေးရွာပေါင်းစုံများနှင့်အတူ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်းသိရပါ သည်။
်
စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အိမ်တွင်းပစ္စည်းထုတ်လုပ်မှု လက်တွေ့ သင်တန်း
(၁၅.၁၁.၂၀၁၇) ရက်နေ့ နံနက်(၀၉း၀၀) နာရီအချိန်တွင် စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကဏ္ဍမှ အိမ်တွင်းပစ္စည်းထုတ်လုပ်မှု ဆပ်ပြာခဲ၊ ဆပ်ပြာဆီ၊ ခေါင်းလျော်ရည် ပစ္စည်းများ လက်တွေ့ထုတ်လုပ်မှု သင်တန်း ကျင်းပရာ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဒေါ်သိင်္ဂီ အောင်၊ ဒေါ်သန်းသန်းအေး၊ ဒေါ်လှလှအေး၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ဆပ်ပြာခဲ၊ ဆပ်ပြာဆီ၊ ခေါင်းလျော်ရည် ထုတ်လုပ်ပုံအဆင့်ဆင့်ကို တိုင်းပါတီကော်မတီဝင်များမှ လက်တွေ့ သင်ကြားပေးခဲ့ကြကြောင်း သိရှိရပါသည်။
မိုးညှင်းမြို့နယ် ရပ်/ကျေးစုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မိုးညှင်း (နိုဝင်ဘာ – ၁၅)
မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ပါတီရုံးတွင် ၁၅.၁၁.၂၀၁၇ ရက်နေ့ ၁း၀၀ နာရီအချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်တာဝန်ခံ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နယ်မြေကွင်းဆင်းခြင်း
ဖါးဆောင်းမြို့ နိုဝင်ဘာလ (၁၄) ရက်
၁၄-၁၁-၂၀၁၇ ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ် တာဝန်ခံ) ဖါးဆောင်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်သည် ကယားပြည်နယ်၊ ဖါးဆောင်းမြို့သို့ သွားရောက်ခဲ့ပါ သည်။
ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ အကြိမ်မြောက် စုပေါင်းဘုံကထိန်ကျင်းပ
ချောက် နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ ချောက်မြို့နယ် ရသစ်ကျေးရွာ ဓမ္မပါလကျောင်းတိုက်၌ ကျင်းပရာ အလှူ တော်မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ မကွေးခရိုင် ပါတီဥက္ကဋ္ဌဦးထွန်းရှိန်၊ဆိပ်ဖြူ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဆောင် နှင့် အတွင်းရေးမှူး ဦးလေးမောင်၊ ချောက်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ ကျေးအုပ်စု စည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ် နယ်မြေ တာဝန်ခံနှင့် ပြည်နယ်ပါတီ လုပ်ငန်းညှိနိုင်းအစည်းအဝေး
လွိုင်ကော်မြို့၊ နိုဝင်ဘာလ(၁၅)ရက်
၁၅-၁၁-၂၀၁၇ ရက်နေ့ နေ့လည် (၁း၀၀) နာရီမှ ညနေ (၃း၀၀) နာရီအချိန်အထိ ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အပေါ်ထပ် သီးသန့်အစည်းအဝေး ခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်-နယ်မြေတာဝန် ခံ) ဖါးဆောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် သည် ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် တွေ့ဆုံကာ အစည်းအဝေးကျင်းပ ပြုလုပ်ပါသည်။