တရုတ်ကွန်မြူနစ်ပါတီ(CPC)ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေး ကိုယ်စာလှယ်အဖွဲ့အား ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၇)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၀၉း၀၀)နာရီချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီး Mr. Guo Yezhou မှ လက်ခံတွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့ဟာ နှစ်ကာလကြာရှည်စွာ ချစ်ခင်ရင်နှီးစွာ ဆက်ဆံလာတဲ့ ပါတီတွေဖြစ် သည်။ ပါတီ(၂)ခုရဲ့ ဆက်ဆံရေးနှင့် ပါတီ(၂)ခုမှ ခေါင်းဆောင်များရဲ့ ဆက်ဆံရေး အခြေအနေကောင်းများကို ထိန်းသိမ်းရမည်ဖြစ်သည်။