မယ်စဲ့မြို့နယ် – မတ်လ ၂၉
မယ်စဲ့မြို့နယ် – မတ်လ ၂၉
သုံးခွ မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီကကျင်းပရာ ရန်ကုန်တောင် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ရန်ကုန် မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးမြတ်စိုးနှင့်မြို့နယ်ပါတီကော်မတီဝင်များသည် ယနေ့နံနက် ၁ဝ နာရီက ပါဠိပထမပြန်စာမေးပွဲစာဖြေသံဃာတော် များအား လှည်းကူးငါးထပ်ကြီးရတနာ့ဗိမာန်ကျောင်းတိုက်တွင် တစ်နေ့တာနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ဆွမ်းဆက်ကပ်လှူဒန်းပွဲသို့ရန်ကုန်တိုင်းဒေသကြီးပါတီကော် မတီဝင်လှည်းကူးမြို့နယ်တာဝန်ခံ ဦးခင်မောင်တင့်တက်ရောက် လောင်းလှူခဲ့ကြောင်း သိရသည်။
တင်အောင်(လှည်းကူး
ရန်ကုန် မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ် တို့အား သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေ၊ အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီကော်မတီဝင်များ၊ အမျိုးသမီးပရဟိတအဖွဲ့၊ လူငယ်ပရဟိတ အဖွဲ့၊အလုပ်သမား ပရဟိတအဖွဲ့များသည် ကြာသပတေးနေ့တိုင်း အပတ်စဉ် ဝါတွင်းဝါပ ဆွမ်း၊ဆွမ်းဟင်းနှင့်အချိုပွဲများကို စဉ်ဆက် မပြတ်လောင်းလှူခဲ့ရာ ယနေ့နံနက် ၉ နာရီတွင် သံဃာတော်များ အား ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူကုသိုလ်ယူခဲ့ကြောင်း သိရသည်။
၂၇.၃.၂၀၁၈ ရက်နေ့ ဖျာပုံခရိုင်ပြည်ခိုင်ဖြိုးပါတီ( ၇၃ ) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ( ၄ ) မြို့နယ် ဖိတ်ခေါ်ကျပန်းစကားပြောပြိုင်ပွဲအခမ်းအနားအား ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးသင်တန်းကျောင်းခန်းမတွင် ကျင်းပရာ ၁၂ ရပ်ကွက်မှ သားငယ် သမီးငယ်များက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် သီချင်းဖြင့် ဖွင့်လှစ်ကာ တိုင်းပါတီကော်မတီဝင် ဖျာပုံခရိုင်တာဝန်ခံ ဒေါ်စိုးစိုးရီမှ အဖွင့်အမှာစကားပြောကြာပြီး ခရိုင်ပါတီဥက္ကဌ ဦးစန်းမောင်မှ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းကာ ဒိုင်ချုပ်ပညာရေးအငြိမ်းစားဆရာကြီး ဦးအောင်မြင့်က ဒိုင်စည်းမျဉ်းများ ရှင်းလင်းပေးခဲ့ပါသည်။တစ်မြို့နယ်လျှင် ပြိုင်ပွဲဝင်စုစုပေါင်း ၃ ဦးဖြင့် စုစုပေါင်း ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲမစတင်မှီ ဖျာပုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း လက်ကမ်းစာဆောင်များ ဝေဌခဲ့ပါသည်။
မယ်စဲ့မြို့၊ မတ်လ ၂၉
ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း (၂၈.၃.၂၀၁၈ မှ၂၉.၃.၂၀၁၈ထိ) ဖွင့်ပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင် တိုင်းပါတီကော်မတီဝင်များ ပြင်ဦးလွင် ခရိုင်ဥက္ကဌနှင့် ကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ/သားများ တက်ရောက်ခဲ့ပါကြပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းစည်းကမ်းများကို ဖတ်ကြားပြောကြာပြီးနောက် သင်တန်းဖွင့်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။
(၂၈.၃.၂၀၁၈) ရက်နေ့တွင် စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ အုန်းတုန်ရွာ အောင်ဓမ္မသစ္စာကျောင်းသို့  အုတ်တံတိုင်းကာရန်အတွက် ပြည်ခိုင်ဖြိုးမိသားစုနှင့် အတွင်းရေးမှူး ဦးထွန်းနိုင် မိသားစုတို့ မှစုပေါင်း၍ ငွေကျပ် (၂၄၀၀၀၀ိ/)၊ အချိုရည်များလှူဒါန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သီင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ စဥ့်ကိုင်မြို့နယ်အတွင်းရေးမှူး ဦးထွန်းနိုင်မိသားစုနှင့်မြို့နယ်ကော်မတီဝင်များ ရပ်ကျေးအဖွဲ့ များတက်ရောက်၍ စုပေါင်းလှူဒါန်းခဲ့ပါသည်။
ရန်ကုန် မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး စမ်း ချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင်ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်အနောက်ပိုင်း ခရိုင် စမ်းချောင်းမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝင်း(၂)၊ မြို့နယ်ဥက္ကဋ္ဌ ဦးဌေးအောင်၊မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီ ဝင်များသည် စက်ချုပ်သင်တန်းသူ များ၊ ကွန်ပျူတာ သင်တန်းသား သင်တန်းသူများနှင့် ရင်းနှီးပွင့်လင်း စွာတွေ့ဆုံ၍ အလုပ်အကိုင်အဆင် ပြေချောမွေ့စေရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ခရိုင်ပါတီကော် မတီဝင်ဒေါ်စန်းစန်းဝင်း(၂)၊မြို့နယ် ဥက္ကဋ္ဌ ဦးဌေးအောင်တို့က အမှာ စကားပြောကြားပြီး မုန့်/တောင် ရပ်ကွက်ပြည်သူဦးမျိုးဦး၏ကျန်းမာ ရေးအခက်အခဲအတွက်ကူညီထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။
တံတားဦး မတ် ၂၈
မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့ နယ် ခေါင်းကွဲရွာရှိ မီးဘေးသင့် ပြည်သူများအား မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများမှ စုပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရွာသို့ သွားရောက် ကာ ဆန်ဆီနှင့်အလှူငွေများ ထပ်မံ ထောက်ပံ့ကူညီအားပေးခဲ့သည်။