လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ရန်ကုန် ဇူလိုင် ၈

လသာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ (၂၃) ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပွဲကို မြို့နယ်ပါတီရုံး၌ ပြုလုပ်ရာ အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပန်းဘဲတန်း မြို့နယ် မဟာသိမ်တော်ကြီး ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး ဆရာတော်အား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တရား တော်နာရေစက်ချကာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရ သည်။ထိန်ဝင်း(YGN)

မဲဆန္ဒရှင်များကို အလုပ်အကျွေးပြုနေသော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များ

 

ဇူလိုင် ၄၊ ပျော်ဘွယ်

လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အစည်းအဝေးများ ရပ်နားထားချိန်တွင် မိမိတို့ရဲ့ မဲဆန္ဒရှင်များ ဆီသို့ အရောက်သွားပြီး အလုပ်အကျွေးပြုကြ ရပါသည်။ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့က ပျော်ဘွယ်မြို့နယ်ရှိ ဒေသခံတွေများ ထံသို့ ကွင်းဆင်းပြီး  ဒေသခံမဲဆန္ဒရှင်များ၏ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ စာသင်ကျောင်းများ ကောင်းမွန်းရေးအတွက် ဒေသခံ တွေရဲ့ အသံကို နားထောင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည်ဖြင့် ဆောင်ရွက်ပေးခဲ့ကြ ပါသည်။

နိုင်ငံရေးပါတီ (၂၃) ပါတီ၏ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက် ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ( ၃ ) ရက် ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ ( ၄ ) ရက်


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နယ်လှည့် ဆေးကုသရေး အဖွဲ့ အခ%8

 

ဇူလိုင် ၃၊ မှော်ဘီ

ပြည်သူ့ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေး အဖွဲ့ဖြင့် နိုင်ငံအဝှမ်း လှည့်လည်ပြီး အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇူလိုင်လ (၂) ရက်နေ့ နံနက် ၈ နာရီမှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြကျေးရွာ၊ ဇေယျသိဒ္ဓိသိမ်ကျောင်းတိုက်တွင် စတင်ကုသပေးလျက်ရှိရာ ပြည်ခိုင်ဖြိုးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ တိုင်းပါတီကော်မတီဝင်များ ဖြစ်ကြသော မြောက်ပိုင်းခရိုင် တာဝန်ခံ ဒေါက်တာနေလင်း၊ ဒေါ်စန်းစန်းဝင်းနှင့် မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင်များ၊ မှော်ဘီမြို့နယ်ပါတီဥက္ကဌ ဦးလှဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များ လာရောက်အားပေး ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဒေသခံတိုင်းရင်းသားများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

 

လားရှိုး၊ ဇွန် ၂၇

လားရှိုးမြို့၊ ရပ်​ကွက်​ (၁၂) ရှိ မိုးလုံ​လေလုံ အားကစားရုံတွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​ ​ဒေသခံတိုင်းရင်းသားများ​ တွေ့ဆုံပွဲ အခမ်းအနားကို ယ​နေ့ နံနက်​ (၉) နာရီက ကျင်းပခဲ့သည်​။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ သာသနာပြု ကျောင်းတိုက်ဆရာတော် များအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး သွားရောက်ဖူးမျှော်

 

လောက်ကိုင်၊ ဇွန် ၂၇

ရှမ်းပြည်​နယ်​​မြောက်​ပိုင်း၊ ကိုးကန့်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ​ လောက်​ကိုင်​မြို့သို့ ​ရောက်​ရှိ​နေ​သော ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ ဇွန်လ ၂၆ ရက်နေ့ နံနက်​ ၈ နာရီက လောက်​ကိုင်​မြို့ရှိ မဟာ မုနိ(ဗဟို) သာသနာပြု​ကျောင်းတိုက်​ ဆရာ​တော်​ဘဒ္ဒန္တ ရာဇိန္ဒအား ဖူး​မျှော်​ကန်​​တော့၍ အလှူ​ငွေနှင့် လှူဖွယ်​ပစ္စည်းများ ​ပေးအပ်​လှူဒါန်းပြီး ​လောက်​ကိုင်​မြို့ ကိုးကန့်​ချမ်း​%B

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ထေရဝါဒဓမ္မပြန့်ပွားရေးနှင့် နာရေးကူညီမှု အသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်း

 

နေပြည်တော် ဇွန် ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲအုပ်စု ဖြုတ်ခွဲကျေးရွာ ပြည်ခိုင်ဖြိုးပါတီ (ရပ်/ကျေး ပါတီရုံး)၌ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့်အဖွဲ့က ထေရဝါဒဓမ္မ ပြန့်ပွားရေးနှင့် နာရေးကူညီမှုအသင်းသို့ အလှူငွေကျပ် ၁၂ သိန်း ပေးအပ် လှူဒါန်းခဲ့သည်။ အဆိုပါအသင်းသို့ အလှူငွေပေးအပ်ပွဲတွင် ကျေးရွာအုပ်စု လူငယ်ခေါင်းဆောင် ဦးဉာဏ်ထွန်းက မိမိတို့အသင်းအတွက် လိုအပ်လျက်ရှိသော အအေးခေါင်းဝယ်ယူရန် ပြည်ခ%

မင်္ဂလာဒုံပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၆) မူလတန်းကျောင်းသို့ စားပွဲနှင့် ကုလားထိုင်များ လှူဒါန်း

 

ရန်ကုန်၊ ဇွန် ၆

မင်္ဂလာဒုံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ စမ်းကြီးဝရပ်​ကွက် ရပ်​/​ကျေးပါတီနှင့်​ ပူး​ပေါင်း၍ ရပ်​ကွက်အတွင်းရှိ အမှတ်​(၆) အ​ခြေခံပညာမူလတန်း​ကျောင်းသို့ ​ကျောင်းတွင်းလိုအပ်​လျက်​ရှိ​သော စားပွဲခုံ ၁၀ ခုံနှင့်​ ထိုင်​ခုံ ၄၂ လှူဒါန်းပွဲကို ယမန်နေ့ ၁၀ နာရီအချိန်​က အဆိုပါ​ကျောင်း ရုံးခန်းတွင်း ကျင်းပလှူဒါန်း ခဲ့သည်​။