
ဂျာကာတာ၊ဇွန် ၂၃
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို သည် ဒေါ်လာ ၃၄ ဘီလီယံ ကုန်ကျမည်ဖြစ်သော မြို့တော်သစ်အား အမြန်တည်ဆောက်ရန် တွန်းအားပေးနေသောကြောင့် ဩဂုတ်လ၌ ၎င်းမြို့တော်သစ်တွင် အစိုးရ အဆောက်အအုံများ စတင်ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါမြို့တော်သစ်အား နူစန်တာရာ ၌ ဆောက်လုပ်သွားမည်ဖြစ်ကာ သမ္မတ သည် ယင်းနေရာသို့ သွားရောက် ကြည့်ရှုခဲ့ပြီးဖြစ်သည်။









