
ဆိုးလ်၊ ဇူလိုင် ၆
တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်လာမည်ကို စိုးရိမ်နေပြီး အကယ်၍ မြောက်ကိုရီးယားမှ ရန်စမှုတစ်စုံတစ်ရာရှိလာပါက မဆိုင်းမတွဘဲ ချက်ချင်းပြင်းပြင်း ထန်ထန် လက်တုံ့ပြန်ရန် တောင်ကိုရီယားသမ္မတ ယွန်းဆော့ယိုက ၎င်း၏စစ်တပ်အား အမိန့်ပေးထားကြောင်း သိရသည်။ မေလတွင် အာဏာရလာခဲ့သည့် သမ္မတယွန်းသည် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ ပထမဆုံးအကြိမ် စစ်ဘက်ဆိုင်ရာ ထိပ်တန်းတပ်မှူးကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဦးဆောင်ဆွေးနွေးခဲ့သည်။









