ဂျကာတာ စက်တင်ဘာ ၂၃
လာမည့်နှစ် ဧပြီ ၁၇ ရက်တွင် ကျင်းပမည့် အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၂၃ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
သမ္မတရာထူးနေရာအတွက် လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုက ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို နှင့် ယှဉ်ပြိုင်ရွေးကောက်ခံမည်ဖြစ်သည်။