ထရန့်၏ နယ်စပ်နံရံနှင့် ပတ်သက်သော အငြင်းပွားမှုအတွင်း အစိုးရအဖွဲ့ တစ်စိတ်တစ်ပိုင်း ပိတ်သိမ်း

အမေရိကန်−မက္ကဆီကို နယ်စပ်တံတိုင်းကာရံနေသော လုပ်သားများကို တွေ့ရစဉ် (Carlos Garcia Rawlins / REUTERS)

 

မက္ကဆီကိုနယ်စပ် တစ်လျှောက် နံရံတစ်ခုတည် ဆောက်ရေး လွှတ်တော်က ကန် ဒေါ်လာ ငါးဘီလီယံ ခွင့်ပြုပေးရန် သမ္မတဒေါ်နယ်ထရန့်၏ တောင်းဆိုမှုနှင့်ပတ်သက်သည့် ပြင်းထန်သော အငြင်းပွားမှုတစ်ရပ်အတွင်း အမေရိကန် အစိုးရအဖွဲ့ သည် စနေနေ့ နံနက်က တစ်စိတ် တစ်ပိုင်း ပိတ်သိမ်းခဲ့သည်။

ဗုဒ္ဓဂါယာမှာ ပိဋက ၃ ပုံ ညီလာခံ ကျင်းပ

ဘုန်းတော်ကြီး ဒလိုင်း လားမားက အဖွင့်မိန့်ခွန်းပြောကြား

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပိဋက ၃ ပုံဆိုင်ရာ ညီလာခံကို တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမားက အိန္ဒိယနိုင်ငံ၊ Bihar ပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာမှာ ဒီဇင်ဘာ ၂၂ ရက်၊ စနေနေ့ ဖွင့်လှစ် ပေးလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး Jim Mattis နုတ်ထွက်ဖို့ရှိ

Trump က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဆီးရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေအားလုံး ပြန်လည် ရုပ်သိမ်းမယ့်ကိစ္စနဲ့ ကမ္ဘာ့ အရေးအရာတွေမှာ သမ္မတ Trump တဦးထဲသဘောနဲ့ လုပ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ သမ္မတနဲ့ အခြေအတင် ဖြစ်ခဲ့ပြီးတဲ့နောက် မရိန်းတပ်ဖွဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ ၀န်ကြီး Mattis အခုလို ရာထူးကနေ နုတ်ထွက်ဖို့ ဖြစ်လာခဲ့တာပါ။

လော့စ်အန်ဂျလိစ်မြို့၌ ပထမဆုံးဥမင်လမ်း ဖွင့်လှစ်

လော့စ်အန်ဂျလိစ်ဒေသတစ်ဝန်း အဆိုပြုထားသော မြေအောက်ပို့ဆောင်ရေးကွန်ရက်၏ စမ်းသပ်ဥမင်လမ်းအတွက် Boring ကုမ္ပဏီက ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ Tesla ကုမ္ပဏီတည်ထောင်သူ အဲလွန်မာ့စ် စကားပြောနေစဉ် (Robyn Beck / Pool via REUTERS)

 

ကန်- တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု လျှော့ချမည်

ကန်- တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု (၂၀၁၅)

 

မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ဖျက်သိမ်းရေးအတွက် သံတမန်ရေး တိုးမြှင့်ဆောင်ရွက်မှု အစိတ်အပိုင်းတခုအဖြစ်လာမယ့်နှစ်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကြီးကြီးကျယ်ကျယ် မလုပ်ပဲ အငယ်စားပဲ လုပ်လိုတဲ့ ဆန္ဒရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံး အိန္ဒိယလွှတ်တင်

နယူးဒေလီ ဒီဇင်ဘာ ၂၀

အိန္ဒိယနိုင်ငံသည် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံးကို ဒီဇင်ဘာ ၁၉ ရက်က လွှတ်တင်ခဲ့ကြောင်း၊ ယင်းဂြိုဟ်တု လွှတ်တင်မှုမှာ နိုင်ငံ၏လေကြောင်းကာကွယ်ရေးစနစ်အား အဆင့်မြှင့်တင်ရန် ဦးတည်ကြိုးပမ်းသည့် ဆောင်ရွက်မှု ဖြစ်ကြောင်း အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြသည်။

အဆိုပါဂြိုဟ်တုကို အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒေ့ရှ် ပြည်ရှိ ဆရီဟာရီကိုတာအာကာသ ယာဉ်လွှတ် တင်ရေးစခန်းမှ ဒုံးယာဉ် တစ်စင်းဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဆူဒန်နိုင်ငံ အတ်ဘရာမြို့တွင် ဆန္ဒပြပွဲများဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေကြေညာ

ဆူဒန်နိုင်ငံတွင် ဆန္ဒပြနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

 

ခါတွန်၊ ဒီဇင်ဘာ ၂၀ ရက်

ဆူဒန်နိုင်ငံ နာအယ်လ်-နီလ်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော အတ်ဘရာမြို့တွင် ဒီဇင်ဘာလ ၁၉ ရက်က အရေးပေါ်အခြေအနေကြေညာလိုက်ပြီး ညဘက်အပြင်မထွက်ရ အမိန့်ထုတ်ပြန်လိုက်ကြောင်း Ashorooq net က သတင်းဖော်ပြထားသည်။

ဥရောပသမဂ္ဂ၏ ဆွယ်သွယ်ရေးကွန်ရက်ကို ဟက်ကာများပစ်မှတ်ထားတိုက်ခိုက်

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြားတွင် အပြန်အလှန်ဆက်သွယ်မှုများ ပြုလုပ်ရန် တည်ဆောက်ထားသည့် ဆက်သွယ်ရေးကွန်ရက်ကို ဟက်ကာများက ပစ်မှတ်ထားတိုက်ခိုက်မှု ပြုလုပ်ခြင်းများကို မကြာခဏ ကြုံတွေ့ခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြသည်။

ဥရောပသမဂ္ဂ၏ ဆက်သွယ်ရေးကွန်ရက်ကို အဖွဲ့ဝင်နိုင်ငံများကြား သိုမဟုတ် အဖွဲ့ဝင်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံ များကြားတွင် အရေးကြီးသည့်အကြောင်းအရာများ ဆက်သွယ်ပြောဆိုရန် သို့မဟုတ် အရေးကြီးသည့်သတင်း အချက်အလက်များ ပေးပို့ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့်လပိုင်းများအတွင်း၌ အမေရိကန်အစိုးရက ကမ္ဘာ့ကုန်သွယ်ရေး ကဏ္ဍနှင့်ဆိုင်သော သတင်းအချက်အလက်များကို ဥရောပသမဂ္ဂ၏ ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ပေးပို့ရာတွင် ဖောက်ထွင်းမှုများ ကြုံတွေ့ခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့် က အမေရိကန် သည် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့ အား တိုက်ခိုက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြား

ဝါရှင်တန် ၊ ဒီဇင်ဘာ ၂၀ ရက်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် တပ်ဖွဲ့ အား တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက် တွင် ပြောကြား ခဲ့သည်။
ဒေါ်နယ်ထရမ့် က IS အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်ခြင်း သည် လက်ရှိ အမေရိကန် အစိုးရ ၏ ဆီးရီးယား နိုင်ငံအတွင်း အမေရိကန် တပ်ဖွဲ့ ထားရှိရသည့် တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်ကြောင်း ကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း ယခုနှစ်အတွင်း ဂျာနယ်လစ် ၅၃ ဦး သတ်ဖြတ်ခံရ၊ သုံးနှစ်အတွင်း အများဆုံးဖြစ်

ဆော်ဒီဂျာနယ်လစ် ကာရှော့ဂီ ပျောက်ဆုံးနေပြီးနောက် ၎င်း၏ပုံများကို ကိုင်ဆောင်ကာ အစ္စတန်ဘူလ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် ဆန္ဒပြနေသော လူ့အခွင့်အရေးအဖွဲ့ (IHD)၏ အဖွဲ့ဝင်များ (BULENT KILIC / AFP)

 ၂၀၁၈ အတွင်း ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၅၃ ဦး သတ်ဖြတ်ခံရပြီး သတ်ဖြတ်ခံရသည့် သတင်းထောက် ဦးရေနှစ်ဆခန့် မြင့်တက်လာကာ သုံးနှစ်အတွင်း အများဆုံးဖြစ်ကြောင်း ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။