
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်ကို မနေ့က ထိုင်းလွှတ်တော် အစည်းအဝေးမှာ မဲစနစ်နဲ့ ရွေးကောက်တင်မြှောက်ခဲ့ရာ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက မဲအပြတ်အသတ် အနိုင်ရပြီး ၃၀ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်ကို မနေ့က ထိုင်းလွှတ်တော် အစည်းအဝေးမှာ မဲစနစ်နဲ့ ရွေးကောက်တင်မြှောက်ခဲ့ရာ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက မဲအပြတ်အသတ် အနိုင်ရပြီး ၃၀ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

အီရန်နှင့် တောင်းဆိုချက်မရှိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားလိုသည်ဟုဆိုသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) ၏ ပြောကြားချက်သည် တုန့်ပြန်သည့်အနေဖြင့် အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇွန် ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၄င်းမှာ စကားလုံး အလှတန်ဆာဆင် ဂိမ်းကစားခြင်းသာဖြစ်ပြီး စိတ်ရင်းအမှန် လုံးဝ မပါဟု ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un ရဲ့ ညာလက်ရုံးဖြစ်ခဲ့သူ၊ အလုပ်ကြမ်းနဲ့ ပညာပေးစခန်းကို ပို့ခံရတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ Kim Yong-chol ရဲ့ပုံတွေ မြောက်ကိုရီးယား အစိုးရသတင်းတွေမှာ ပါလာပါတယ်။ ခေါင်းဆောင် Kim Jong Un တက်ရောက်တဲ့ အနုပညာဖျော်ဖြေပွဲအကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းက ထုတ်တာမှာ သတင်း Video ထဲမှာ Kim Yong-chol ကိုလည်း တွေ့ခဲ့ရပါတယ်။

အစ္စရေးလ် နိုင်ငံမှာ ပါလီမန်ကို ဖျက်သိမ်းဖို့ ပါလီမန် အမတ်တွေက အခု ကြာသပတေးနေ့ မနက်စောစောမှာဘဲ မဲခွဲဆုံးဖြတ်လိုက်ကြပါပြီ။ ၀န်ကြီးချုပ် Benjamin Netanyahu အနေနဲ့ ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းဖို့ ကြိုးပမ်းမှု ပျက်ပြားသွားပြီးတဲ့နောက် အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဒုတိယ ရွေးကောက်ပွဲ တရပ်ကို စောစောစီးစီး ကျင်းပမယ်လို့ ဆိုပါတယ်။ ဧပြီ ၉ ရက်နေ့ ရွေးကောက်ပွဲ အပြီးမှာ အနိုင်ရခဲ့ပြီးတဲ့နောက် ညွန့်ပေါင်း အစိုးရသစ် တရပ် ဖွဲ့စည်းဖို့ Netanyahu ကို ဗုဒ္ဓဟူးနေ့ည သန်းခေါင်းယံ အထိ အချိန်ပေး ခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေး ဥပဒေမူကြမ်းဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ ကြေညာဖို့ တရုတ်နိုင်ငံအခြေစိုက် ဟွာဝေး နည်းပညာကုမ္ပဏီက အမေရိကန် တရားရုံးဆီမှာ အမှုဖွင့်လိုက်ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ဟွာဝေးက မေလ ၂၈ ရက်မှာ တရားစွဲလိုက်တာပါ။

မလေးရှားနိုင်ငံဟာ အလေးချိန် တန်သုံးထောင်ကျော်ရှိတဲ့ ပလတ်စတစ် အမှိုက်တွေကို မူလနိုင်ငံတွေဆီ ပြန်ပို့သွားမယ်လို့ မလေးရှား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးက မေလ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ရုရှားအစိုးရဟာ ရေခဲပြင်ကိုခွဲပြီး မောင်းနိုင်တဲ့ နျူကလီးယား စွမ်းအင်သုံး သင်္ဘောကို မေလ ၂၅ ရက်က စပြီး မိတ်ဆက်လိုက်ပါတယ်။ အာတိတ်ဒေသရဲ့ စီးပွားရေး အလားအလာအပေါ် စွမ်းရည်တိုးမြှင့်ဖို့ သူ့ရဲ့ ရေတပ်ကို တိုးချဲ့ဖို့ ရည်မှန်းချက်ကြီးတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

တယ်လီဖုံးဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်တဲ့ တရုတ်ရဲ့ Huawei Technologies အပေါ် အမေရိကန်က ကန့်သတ်မှုတွေ ချမှတ်ခဲ့ပြီးနောက် ဗြိတိသျှနဲ့ ဂျပန် မိုဘိုင်းလ် တယ်လီဖုံး ကုမ္ပဏီ လေးခုတို့ကလည်း Huawei ကုမ္ပဏီကြီးက ထုတ်လုပ်တဲ့ ပစ္စည်းသစ်တွေကို ရောင်းချဖို့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်ပါတယ်။

နည်းပညာရင်းနှီးမြှုပ် နှံသူ ဘီလျံနာသူဌေးကြီး ရော ဘတ်အက်ဖ်စမစ်က ၎င်းတို့၏ အကြွေးများကို ပေးချေမည်ဟု ပြောကြားခြင်းဖြင့် ဂျော်ဂျီယာပြည်နယ် မြို့တော်အတ္တလန်တာရှိ ဘွဲ့ရကျောင်းသားများကို အံ့အားသင့်စေခဲ့သည်။