ညောင်လေးပင်၊ စက်တင်ဘာ ၂၂
ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အတွင်းရှိ ကျေးရွာများသို့ ယနေ့မနက် ၈ နာရီချိန်မှစတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ စတင်မဲဆွယ် စည်းရုံးခဲ့ကြသည်။ ပိန်းဇလုပ်မြို့အတွင်းရှိ ဒလဆိပ်၊ အင်းပရိ၊ ကျောင်းကုန်း၊ ကံကလေး၊ ပိန်းဇလုပ်ရွာမ ကျေးရွာများ သွားရောက်ပြီး ရပ်မိရပ်ဖများ၊ အောင်နိုင်ရေး အဖွဲ့ဝင်များ၊ ရပ်ကျေးအမှုဆောင် များနှင့် တွေ့ဆုံပြီး အောင်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြကာ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်းစာစောင်များ ဝေဌ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များ နှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ Waiyan



