ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Jean-Marc Ayrault သည် မြန်မာနိုင်ငံ သို့ ဇွန် (၁၇) ရက်မှ (၁၉) ရက် အထိ သုံးရက်ကြာ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Jean-Marc Ayrault သည် မြန်မာနိုင်ငံ သို့ ဇွန် (၁၇) ရက်မှ (၁၉) ရက် အထိ သုံးရက်ကြာ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ အနာဂတ်စီးပွားရေးအတွက် တိကျသည့် မူဝါဒချမှတ်နိုင်ရန် လက်ရှိအစိုးရ ရေးဆွဲထား သည့် စီးပွားရေးမူဝါဒတစ်ခုကို ယခုလအတွင်းထုတ်ပြန်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
‘‘လောလောဆယ် အသေးစိတ်ပြောလို့မရသေးဘူး။ သက်ဆိုင်ရာလူကြီးတွေကို တင်ပြရဦးမယ်။ ဒီစီးပွားရေးမူဝါဒက နိုင်ငံသားအားလုံး စီးပွားရေးလုပ်ပိုင်ခွင့်ရှိတဲ့ မူဝါဒဖြစ်လိမ့်မယ်’’ ဟု ပြည်ထောင်စု ၀န်ကြီးက မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
တက္ကသိုလ်ဝင်တန်းနှင့် IGCSE အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေး ဆွေးနွေးပွဲ များကို Regent Consultancy Services Co., Ltd မှ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုး၌မပါသော လူမျိုးလိမ် ရိုဟင်ဂျာတို့ကိုကန့်ကွက်ဆန္ဒထုတ် ဖော်မှုကို ယနေ့နံနက် ၈နာရီက ပခုက္ကူခရိုင်မြို့ကြီးတွင် အမျိုး ဘာသာသာသနာစောင့်ရှောက်ရေး ဗဟို ဦးဆောင် ဆရာတော်ကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ရှင် မတောင်ဆရာတော် ဦးကဝိန္ဒောဘာသ ဦးဆောင်လျက် တိုင်း မဘသဆရာတော်များ ပုဂံ-ညောင် ဦး မဘသဆရာတော်များ၊ကျောက် ပန်းတောင်း၊မိတ္ထီလာ၊ တောင်တွင်း ကြီး၊ ရန်ကုန်၊ မန္တလေး မဘသ ဆရာတော်များ၊ အမျိုးသားရေး အင်အားစုများ၊ပခုက္ကူမြို့ခံပြည်သူ များ ပူးပေါင်းပါဝင်ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။
အမျိုးသားရေးအင်အားစုများသည် မဘသဆရာတော်ကြီးများ ၏ ဦးဆောင်မှုဖြင့် မြို့မလမ်း၊ ထင်းတန်းလမ်း၊ မြို့ရှောင်လမ်းမ ကြီးအတိုင်းချီတက်ကာ ကျောက်မိ ကျောင်းတောရအနီး မြို့ရှောင် လမ်းဘေးကွက်လပ်၌ ဆန္ဒထုတ် ဖော်ဟောပြောမှုများ ပြုလုပ်ခဲ့ သည်။ အခမ်းအနားမှူးအဖြစ် ပခုက္ကူမြို့ မြင်သာဘုံမကျောင်း ဆရာတော်ဦးပါကဋက ဆောင်ရွက်ပြီး ရှင်မတောင်ဆရာတော်က မြန်မာတိုင်းရင်းသား ၁၃၅မျိုးတွင် ရိုဟင်ဂျာမရှိကြောင်း အမျိုးသား ရေးနိုးကြားစွာ အဖွင့်အမှာစကား မိန့်ကြားခြင်း၊ ဗဟိုမှပေးပို့သော သဝဏ်လွှာကို မကွေးတိုင်းဒေသကြီး မဘသအတွင်းရေးမှူး ပခုက္ကူမြို့ မြဘေရီကျောင်းတိုက်ဆရာတော် ဦးစိန္တိတက ဖတ်ကြားခြင်း၊ ရန်ကုန်-မန္တလေး ရဟန်းတော်များ၊ သမဂ္ဂများ ၏ သဘောထားများဖတ်ကြားခြင်း၊ မြန်မာအမျိုးသားရေးကွန်ရက်ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က ရိုဟင်ဂျာ အသုံးအနှုန်းအပေါ်ကန့်ကွက်ခြင်း၊ ပါတီနိုင်ငံရေးကင်းရှင်းသော အမျိုးသားရေးအင်အားစု ဗဟိုဥက္ကဋ္ဌ ဦးငြိမ်းမောင်က ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အိတ်ဖွင့်ပေးစာဖတ်ကြားတင်ပြခြင်းတို့ပြုလုပ်ခဲ့ပြီး လူထုအင်အား ၁ဝဝဝ ကျော်တက်ရောက်ကာ အခမ်းအနား ငြိမ်းချမ်းစွာပြီးဆုံးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၃) ရက်နေ့က မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးထွန်းဝေ၊ သံတွဲခရိုင် ပါတီ ဥက္ကဋ္ဌ ဦးဖိုးရီအောင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး ကိုယ်စားလှယ်များ စုစုပေါင်း (၇၉) ဦး တက်ရောက်ခဲ့ကြသည်။ (more…)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး သည် ယခုလ (၈) ရက် နံနက် (၁ဝ) နာရီက ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးနှင့် အလုပ်အမှု ဆောင်များနှင့်အတူ ဟင်္သာတမြို့ နတ်မှော်တိလောကဥသျှောင် ရှင် သာလျောင်းဘုရားကြီးသို့ရောက်ပြီး ဘုရားကြီးအား သွားရောက်ဖူး မြော်ကြည်ညိုကြသည်။ ၄င်းနောက် နတ်မှော်ကျေးရွာအုပ်စု ကျုံတွမ် ရွာနှင့် ပြာကတတ်ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ရပ်/ကျေးစည်းရုံး ရေးမှူးများနှင့်တွေ့ဆုံသည်။ (more…)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် ပါတီဗဟိုကော်မတီဝင်များသည် ဇွန်လ (၁၃) ရက်နေ့ ညနေ (၆) နာရီခွဲအချိန်က ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်သို့ သွားရောက်ဖူးမြော်၍ ဆီးမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရှိရသည်။ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် ညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၁) နာရီချိန်မှ မွန်းတည့်(၁၂) နာရီချိန်ထိ မြို့နယ် ပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဒေသ အတွင်း ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များကို အစဉ်တစိုက်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းအဆင့်စုံညီအစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်မြို့ရှိတိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါညှိနှိုင်းပွဲသို့ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့မှ ကော်မတီဝင်များ၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ အတွင်းရေးမှူးများ စုံညီ စွာတက်ရောက်ခဲ့ပြီး မြို့နယ်မျက်နှာစုံညီအစည်းအဝေးကျင်းပနိုင်ရေး အတွက် တိုင်းအဆင့် စုံညီအစည်းအဝေးကို ကျင်းပခဲ့ကြောင်းသိရ သည်။
သူရအောင်(ပြည်)