ဘဏ်အချင်းချင်း ရောင်းဝယ်သည့် နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ချက်ဘောင် ပြင်ဆင်ရေး ဗဟိုဘဏ် ဆုံးဖြတ်မည်

ပုဂ္ဂလိကဘဏ် အချင်းချင်း နိုင်ငံခြားငွေ ရောင်းဝယ်သည့် ဈေးကွက် (Interbank Market) အတွင်းရှိ ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်းဘောင် ပြင်ဆင်ရေးကို နှစ်ပတ်အတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ (more…)


မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၅) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦးမှ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ ကျောက်မဲခရိုင် ပါတီအတွင်းရေးမှူး ဦးဝင်းမြင့် နှင့်ခရိုင်ပါတီကော်မတီဝင် ဦးဇော်ဦး နှင့် မြို့နယ်ပါတီနာယကများ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် ကော်မတီဝင်များ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြသည်။

သောကြာနေ့တွင် ငွေဖြည့်ပါက အင်တာနက် အခမဲ့သုံးနိုင်မည့် အစီအစဉ် MPT စတင်

MPT ဆင်းကတ် အသုံးပြုသူများအနေနှင့် သောကြာနေ့တွင် ငွေဖြည့်ပါက အင်တာနက် အခမဲ့ အသုံးပြုနိုင်မည့် အစီအစဉ်ကို ဇွန်လ (၁၇) ရက်နေ့မှ စတင် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က ထုတ်ပြန်သည်။ (more…)


ပြည်ပတင်ပို့ခွင့် ပိတ်ထားသည့် ကုန်စည်သုံးမျိုးကို ခွင့်ပြုရန်စီစဉ်

ပြည်ပတင်ပို့ခွင့်ပိတ်ပင်ထားသည့် ကုန်စည်သုံးမျိုးကိုတင် ပို့ခွင့်ပြုနိုင်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ သဘောတူညီချက်ရရှိပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။ (more…)


မြ၀တီမြို့နယ်ပြည်ခိုင်ဖြိုး မျက်နှာစုံညီစည်းဝေးနှင့် မြို့နယ်ပါတီကော်မတီ ပြန်လည်ရွေးချယ်ရေး ကျင်းပ

13466377_253179031715954_1617756470529641402_n

 

မြ၀တီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်ပါတီ ကော်မတီ ပြန်လည်ရွေးချယ်ရေးအခမ်းအနားကို ဇွန်လ (၁၄) ရက်နေ့က မြို့နယ်ပါတီရုံး၌ ပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင် သူရဦးမြင့်မောင် တက်ရောက်၍ သြ၀ါဒစကား ပြောကြားခဲ့သည်။ (more…)


မိုးညှင်းပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စု မျက်နှာစုံညီအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ကျေးရွာအုပ်စု မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၊ သဘာပတိ၊ ခရိုင်ပါတီအတွင်းရေးမှူး၊
ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအတွင်းရေးရေးမှူးနှင့် ပါတီကော်မတီဝင်များ (၄၆)အုပ်စုမှ အုပ်စု (ပ) ခေါင်းဆောင်၊ (ဒု)ခေါင်းဆောင်များ၊ လူငယ်ကေဒါများ စုစုပေါင်းအင်အား (၁၁၅)ဦး တက် ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဧရာဝတီတိုင်း ဒေသကြီးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းအောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေး၊ ဦးစိုးနိုင်၊ ဦးခင်ရီနှင့် ဦးခင်မောင်စိုး၊ ဦးအုန်းမြင့်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့သည် ဇွန်လ (၁၄ ရက်နေ့ မွန်းလွဲ (၁) နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်၊ ပါတီဝင်များနှင့်တွေ့ဆုံပြီး လမ်းညွှန်အမှာစကား ပြောကြားသည်။

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တောင်ငူခရိုင်ပါတီ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ သဘာပတိကြီးနှင့် ရေတာရှည်မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုမှ စည်းရုံးရေးမှူးနှင့် ဒုတိယခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။

မအူပင်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်များ စုပေါင်း၍ မအူပင်မြို့တွင် ခြင်ဆေးဖျန်းမှုများကို လုပ်ကိုင်ခဲ့ကြောင်း မအူပင်ပြည်ခိုင်ဖြိုးပါတီမှ ကိုဝေယံက ပြောသည်။

မိုးရာသီဖြစ်သောကြောင့် ခြင်အန္တရာယ်နှင့် သွေးလွန်တုပ်ကွေး ကာကွယ်ရန်အတွက် ပြုလုပ်ပေး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

သံတွဲခရိုင်နှင့် မြို့နယ်ပါတီ မျက်နှာစုံညီစည်းဝေးအတွက် တွေ့ဆုံမှာကြား

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ယနေ့ (ဇွန်လ ၁၅ ရက်) နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေမှ သံတွဲခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ မြို့နယ်နှင့် ခရိုင်ပါတီ မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ရန် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။