မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းေ၈း အခမ်းအနား ကျင်းပပြီးစီး

မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် (၁၄) ရက် နံနက် (၉) နာရီကကျင်းပပြီးစီးခဲ့သည်။

လွိုင်လင်ခရိုင်မျက်နှာစုံညီစည်းဝေး ပြန်လည်ရွေးချယ်ရေးအခမ်းအနားကျင်းပ

လွိုင်လင်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံး ခန်းမတွင် ယခုလ ၁၂ရက် နံနက် ၉နာရီက လွိုင်လင်ခရိုင် မျက်နှာ စုံညီအစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ရေးအခမ်းအနား ကျင်းပ ရာ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် တာဝန်ခံပြည်နယ် ကော်မတီဝင် ဦးစိုင်းဇော်ဇော်၊ ပြည်နယ်ကော်မတီဝင် ဒေါ်နန်း ဆိုင်နွမ်း၊ ဒေါ်နန်းဝါဝါထွေး၊ လွိုင်လင်ခရိုင် ပါတီအတွင်းရေး မှူးနှင့် ခရိုင်ပါတီကော်မတီဝင် များ၊လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ ဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ ဘဏ္ဍာရေးမှူးများနှင့် အရွေး ချယ်ခံကော်မတီဝင်များနှင့် လူငယ် များအမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေး လူမှုရေးအသင်းအဖွဲ့များ နှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ မိတ်ဖက်အဖွဲ့အစည်း များ စုစုပေါင်းအင်အား ၁၂၅ ဦး ခန့် တက်ရောက်ကြသည်။ ရှေး ဦးစွာ သဘာပတိနှင့် သဘာပတိ အဖွဲ့ဝင်များနေရာယူကြပြီး သဘာ ပတိက အဖွင့်အမှာစကားပြော ကြားခဲ့သည်။ယင်းနောက် လွိုင်လင် ခရိုင်ပါတီကော်မတီဝင် ဦးအေး ကြူက ခရိုင်လုပ်ငန်းဆောင်ရွက် ချက် အစီရင်ခံစာအား ဖတ်ကြား တင်သွင်းကာ ခရိုင်ကော်မတီဝင် ဦးတင်အောင်ဝင်းက ပြန်လည်ရှင်း ဆွေးနွေးခဲ့ပြီး ခရိုင်ကော်မတီဝင် များက စာတမ်းသုံးစောင်ဖတ်ကြား တင်သွင်းခဲ့သည်။
ယင်းနောက် ပြည်နယ် ကော် မတီဝင် ဦးစိုင်းဇော်ဇော်က လွိုင် လင်ခရိုင် ပါတီကော်မတီဝင်အသစ် ပြန်လည်ရွေးချယ်ရေး လုပ်ထုံး လုပ်နည်းများအား ရှင်းလင်းပြော ကြားပေးခဲ့သည်။ ယင်းနောက် အခမ်းအနားအား အစီအစဉ် အတိုင်းကျင်းပရာ ၂ဝ၁ဝ-၂ဝ၁၅ ခုနှစ်အတွင်း တာဝန်ထမ်းဆောင် ခဲ့သော ခရိုင်ပါတီကော်မတီဝင် ကိုးဦးတို့က တာဝန်မှ နုတ်ထွက် ကြသည်။ ထို့နောက် လွိုင်လင် ခရိုင်ပါတီကော်မတီဝင် ကိုးဦးနှင့် အရန်ကော်မတီဝင် ကိုးဦးတို့အား လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရွေး ချယ်ခဲ့ကြသည်။ အဆိုပါ ပြန်လည် ရွေးချယ်ရေး အခမ်းအနားတွင် လွိုင်လင်ခရိုင် ပါတီဥက္ကဋ္ဌအဖြစ် ဦးထွန်းငြိမ်း၊ ခရိုင်ပါတီအတွင်း ရေးမှူးအဖြစ် ဦးစိုင်းစိုးမိုးအောင်၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းမွေငင်းတို့အား အသီးသီး လျှို့ဝှက်ဆန္ဒပြု ထောက်ခံရွေးချယ် ခဲ့ကြပြီး သဘာပတိက အတည်ပြု ပေးခဲ့သည်။
ထို့နောက် လွိုင်လင်ခရိုင် ပါတီရွေးချယ်ရေး ဥက္ကဋ္ဌ ဦးစိုင်း ဇော်ဇော်က တာဝန်ပေးအပ်လွှာ ပေးအပ်ရာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်း ငြိမ်းက လက်ခံခဲ့ပြီး လွိုင်လင်ခရိုင် ကော်မတီဝင်များနှင့်အရန်ကော်မတီ ဝင်များက သဘာပတိရှေ့မှောက် တွင် ကတိပြုကျမ်းကျိန်လွှာအား ဖတ်ကြားခဲ့သည်။ ယင်းနောက် လွိုင်လင်ခရိုင် ပါတီဥက္ကဋ္ဌဦးထွန်း ငြိမ်းက နှုတ်ခွန်းဆက်စကားပြော ကြားခဲ့ပြီး သဘာပတိက နိဂုံးချုပ် အမှာစကားပြောကြားကာ မျက်နှာ စုံညီအစည်းအဝေးကို ကြွေးကြော် သံများရွတ်ဆိုကြပြီး မွန်းလွဲ ၁ နာရီ ခန့်တွင် အောင်မြင်စွာကျင်းပပြီးစီး ခဲ့သည်။

သာသနာတော် သန့်ရှင်းတည်တံ့ရန် သံဃာတော်များဆောင်ရွက်ရုံဖြင့် ပြီးပြည့်စုံမည်မဟုတ်ဟု မဟနဥက္ကဋ္ဌ ဆရာတော် မိန့်ကြား

စုံမှု ရှိနိုင်မည်မဟုတ်ကြောင်းနိုင်ငံတော် သံဃမဟာနာယက (မဟန) ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) က မိန့်ကြားသည်။

13614940_1185401494813441_6915473644786052635_n

(more…)


ကမ္ဘာ့ပထမဦးဆုံး တွင်းထွက်ကျောက် အမျိုးအစားအသစ် မြန်မာနိုင်ငံတွင် တွေ့ရှိ

ကမ္ဘာ့ပထမဦးဆုံး တွင်းထွက်ကျောက်အမျိုး အစားသစ်တစ်ခုကို မြန်မာနိုင်ငံ မိုးကုတ်ရတနာနယ်မြေမှ ရှာဖွေ တွေ့ရှိသည်ဟု ကျောက်မျက်ပညာရှင် ဦးကျော်သူက ပြောသည်။

13686519_1202063679824628_7418829622238707655_n

(more…)


မြန်မာ့သဘာဝနှင့် ငှက်လောက ဓာတ်ပုံပြပွဲ ကျင်းပမည်

မြန်မာနိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင်၌ ငှက်မျိုးစိတ်များ ရှင်သန်နေထိုင် ပုံများကို လိုက်လံဓာတ်ပုံ ရိုက်ယူထားသော မြန်မာ့ သဘာဝ နှင့် ငှက်လောက ဓာတ်ပုံပြပွဲကို ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

13626488_1201282216569441_3798153106782420254_n

(more…)


နည်းပညာနှင့် သက်မွေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

နည်းပညာနှင့် သက်မွေးပညာ နှီးနှောဖလှယ်ပွဲ (TVET Forum) ကို ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက် များတွင် နေပြည်တော် MICC-II ၌ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း MOE မှ သိရသည်။

TVET Fourm

(more…)


ငွေလဲကောင်တာများကို ကိုင်ဆောင်ခွင့်ပေးထားသည့် ဒေါ်လာငွေပမာဏတိုးမြှင့်ပေးရန်တောင်းဆို

တိုးမြှင့်ပေးရန် ဗဟိုဘဏ်သို့ တောင်းဆိုထားကြောင်း ငွေလဲကောင်တာလုပ်ငန်းရှင်များထံမှ သိရသည်။ (more…)


ပုသိမ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အခမ်း အနားကို ဇူလိုင်လ (၁၁) ရက် နံနက်ပိုင်းက ကျောင်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်ရာ တိုင်း ပါတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့ တက်ရောက်ခဲ့ကြသည်

အခမ်းအနားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးရကျောင်း သား/သူများအား ဆုများချီးမြှင့် ပေးအပ်ရာ တိုင်းပါတီဥက္ကဋ္ဌနှင့် ဗဟိုအတွင်းရေးမှူးတို့မှ ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မအူပင်ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပန်းတနော်မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသက်လင်း၊ အတွင်းရေးမှူး ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီ ကော်မတီများ သည် ဇူလိုင်လ (၁၃) ရက် နံနက် (၉း၃၀) အချိန်တွင် ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီ၏ ရှေ့ဆက်လုပ်ဆောင်ကြမည့် လုပ်ငန်းစဉ်များအား တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကော့မှူးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး ကျင်းပပြီးစီး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၁၃) ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအား ကော့မှူးမြို့နယ်ပါတီ ဥက္ကဋ္ဌ အဖြစ် ဦးကျော်ဇင်ဟိန်း၊ အတွင်းရေးမှူး အဖြစ် ဦးကြည်ငြိမ်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအေးနိုင် အပါအဝင် မြို့နယ်ကော်မတီဝင် (၁၃) ဦးပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။