ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ (၂၄) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲအား ဇူလိုင်လ (၉) ရက်နေ့ နံနက် (၁ဝ) နာရီက ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီး အမျိုးသားသွေးဌာန၌ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ (၂၄) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲအား ဇူလိုင်လ (၉) ရက်နေ့ နံနက် (၁ဝ) နာရီက ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီး အမျိုးသားသွေးဌာန၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရပ်ကွက်၊ကျေးရွာအုပ်စု (၆၇) အုပ်စု ပါတီကေဒါ ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များ တွေ့ဆုံပွဲကို ယခုလ (၈) ရက် နံနက် (၁ဝ) နာရီက လယ်ဝေးမြို့ အမှတ်(၇)ရပ်ကွက် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးခင်မောင်ဌေး တက်ရောက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်မျက်နှာစုံညီအစည်း အဝေးကို ဇူလိုင်လ (၉) ရက် နံနက် (၈) နာရီခွဲက ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးခန်းမ၌ကျင်းပရာ သဘာပတိအဖြစ် မကွေးတိုင်းဒေသကြီး ပါတီကော် မတီဝင်များဖြစ်ကြသော ဦးဟန်မောင်၊ ဦးဆန်းညွန့်အောင်၊ ဦးစောဝင်းမောင်တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် မကြာမီရက်ပိုင်းအတွင်းကဖြစ်ပေါ်ခဲ့သည့် ရေနစ်မြုပ်မှုမျိုး ဆက်လက်ဖြစ်ပေါ် လာပါက ရေကြီးမှုနှင့်ပတ်သက်ပြီး ကြိုတင် ကာကွယ်မှုများကို မပြုလုပ်ထားသည့် သက်ဆိုင်ရာတာဝန်ရှိသူများကို ရခိုင်အမျိုးသားပါတီ (မြောက်ဦး) မှ မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီ (မြောက်ဦးမြို့) ၏ ထုတ်ပြန်ချက်အရ သိရသည်။ (more…)
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အလုပ်သမား ၀န်ကြီးဌာနမှ ထိုင်းနိုင်င်ငံအတွင်း စခန်းခြောက်ခု ဖွင့်၍ CI ( မြန်မာနိုင်ငံသားဖြစ်ကြောင်းထောက်ခံစာ) ကို ထုတ် ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ပြောသည်။ (more…)
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဗဟိုအလုပ်မှုဆောင် အရေးပေါ်အစည်း အဝေးကို ယနေ့ နံနက်ပိုင်းက စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရှိရသည်။ (more…)
ဇူလိုင်နောက်ဆုံးပတ်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်၌ ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) ကို ဖိတ်ကြားထား ကြောင်း သတင်းရရှိသည်။
ဒေသရှစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင် ပြီး မြစ်ချောင်းများလည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာသောကြောင့် ရေဘေးအန္တရာယ် ဆက်လက်သတိပြုရန် မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးသည်။ ရေဘေး ရင်ဆိုင်နေရဆဲဖြစ်သော ရခိုင်၊ မွန်၊ ချင်း၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင် များ မျက်နှာစုံညီ အစည်းအဝေးအတွက် အကြိုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ( ဇူလိုင်လ ၈ ရက်) နံနက် (၉) နာရီက စတင်ကျင်းပလျှက်ရှိကြောင်း သိရသည်။
ရန်ကုန်နှင့် မန္တလေး နည်း ပညာတက္ကသိုလ် ၀င်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အနည်း ဆုံးရမှတ် ၄၈၀ နှင့် အခြားနည်း ပညာတက္ကသိုလ်များအတွက် ရ မှတ် ၃၈၀ သတ်မှတ်၍ ခေါ်ယူ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။