အစိုးရသစ် လက်ထက်တွင် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်စက်ရုံ ၄၇ ရုံကို ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ နှစ်တိုနှစ်ရှည် ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
ငြိမ်းချမ်းရေးတည်ဆောက်ရာ၌ ဖက်ဒရယ်မူအပြည့်အ၀လိုအပ်ပြီး အစိုးရအနေဖြင့် မိုင်ဂျာယန်အစည်းအဝေး ရလဒ်ကို လက်ခံနိုင်ရန် ကချင်ပါတီခေါင်းဆောင်များ မျှော်လင့်
ငြိမ်းချမ်းရေးတည်ဆောက်ရာ၌ ဖက်ဒရယ်မူအပြည့်အ၀လိုအပ်ပြီး အစိုးရအနေဖြင့် မိုင်ဂျာယန်အစည်းအဝေး ရလဒ်ကို လက်ခံနိုင်ရန်မျှော်လင့်ကြောင်း ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီခေါင်းဆောင်များက ပြောကြားသည်။ (more…)
UNA အဖွဲ့ဝင်ပါတီများနှင့် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) တို့ ပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေး၊ မြေယာကဏ္ဍတို့နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်မှစ၍ ရန်ကုန်မြို့၌ ကျင်းပမည်
တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်ပါတီများနှင့် တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ENAC) တို့ ပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေး နှင့် မြေယာကဏ္ဍတို့နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် (၂၁) ရက်နှင့် (၂၂) ရက်များတွင် ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ သိရသည်။ (more…)
အခွန်အမည်နှင့် ကောက်ခံပုံစနစ်များ သုံးနှစ်အတွင်း ပြောင်းလဲမည်
လက်ရှိ ခေါ်ဝေါ်သုံးစွဲနေသော အခွန်အမည်နှင့် စနစ်များအစား နိုင်ငံတကာတွင် ခေါ်ဝေါ်သုံးစွဲနေသည့် အခွန် အမည်နှင့် စနစ်များကဲ့သို့ လာမည့်သုံးနှစ်အတွင်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ထံမှ သိရသည်။ (more…)
မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ်မသတ်မှတ်ရသေးသောနေရာရှိ သဘာဝသစ်တောကို ယူနက်စကိုစာရင်းဝင်ရန် ထိုင်းကြိုးပမ်းနေမှု မြန်မာအစိုးရကန့်ကွက်
နယ်နိမိတ်မသတ်မှတ်ရသေးသောနေရာကို ထိုင်းအစိုးရက ၎င်းတို့ထိန်းသိမ်းထားသည့် သဘာဝတောအဖြစ် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းမှုကို မြန်မာနိုင်ငံက ယူနက်စကိုအစည်းအဝေးတွင် ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။ (more…)
ယာဉ်မှတ်ပုံတင် လိုင်စင်လျှောက်ရာတွင် ပေးဆောင်ရသော အာမခံပရီမီယံနှုန်းထားများ ကို သြဂုတ် ၁ ရက်၌ စတင် တိုးမြှင့်ကောက်ခံမည်
မော်တော်ယာဉ်များ မှတ်ပုံတင်လိုင်စင်လျှောက်ရာတွင် ပေးဆောင်ရသော သူတစ်ပါး ထိခိုက်မှုအာမခံ ပရီမီယံနှုန်း ထားများကို သြဂုတ် (၁) ရက်မှစ၍ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး မတော်တဆ သေဆုံးထိခိုက်မှုများအတွက် နစ်နာ ကြေးများကိုလည်း တိုးမြှင့်ပေးမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူး ဦးအေးမင်းသိန်း က ပြောသည်။ (more…)
အမျိုးသား အစားအသောက်၊ လူသုံးကုန်၊ အလှကုန်၊ ဆေးဥပဒေတွေကို လာမယ့်နှစ်လယ်မှာ ပြဌာန်းမယ်
အမျိုးသား အစားအသောက်ဥပဒေနှင့် လူသုံးကုန်၊ အလှကုန်နှင့် ဆေးပစ္စည်းဥပဒေကို မူလသတ်မှတ်ထားသည့် အချိန်ထက် နောက်ကျပြီး ၂၀၁၇ နှစ် လယ်ပိုင်း ရောက်မှသာ ပြဋ္ဌာန်းနိုင်တော့မည်ဟု သိရသည်။ (more…)
စစ်ကိုင်းခရိုင် မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသာအေး တို့တက်ရောက်
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးသာအေး (ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်)တို့သည် ဇူလိုင်လ (၁၇) ရက်နေ့ နံနက် ၉နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် ပါတီကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော စစ်ကိုင်းခရိုင် မျက်နှာစုံညီအစည်း အဝေးသို့တက်ရောက်၍ ပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က အဖွင့်အမှာစကားပြောကြားသည်။
ဗဟိုအလုပ်အမှုဆောင်များမှ တက္ကသိုလ်ဝင်စာမေးပွဲအောင် မသန်စွမ်းသူလေးအား ထောက်ပံ့ငွေ ပေးအပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်းနှင့် ဗဟိုအလုပ် အမှုဆောင် ဦးခင်ရီတို့သည် ဇူလိုင်လ (၁၈)ရက်နေ့၊ ညနေ (၃) နာရီအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒကစ၀င်း အိမ်ထောင်သည်လိုင်းတွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသော မွေးရာပါ လက်မပါ၊ ခြေဖြင့်သာ ရေးသားဖြေဆိုပြီး၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူ နော်ဒါးခူ အား သွားရောက်တွေ့ဆုံပြီး ပံ့ပိုးငွေ (၁၀၀၀၀၀၀ိ/-) (ကျပ်ဆယ်သိန်း) ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီပါတီဝင်များ (၆၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်ဂါရ၀ပြု
(၆၉) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များသည် ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ မင်္ဂလာရှမ်းကန်ထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုတည်ရှိရာ ကျောက်တိုင်ကွင်းသို့ လွမ်းသူ့ပန်းခွေများဖြင့် ချီတက်ဂါရ၀ပြုကြပါသည်။