(၆၉) နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံ တိုင်ဝက်လွှင့်ထူရန် နှင့် ဥသြဆွဲရန်

Rzarni

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (အင်္ဂါနေ့)၊ ၆၉ နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက် လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားက ဥသြဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေး တို့အတွက် အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်သို့ ဆက်လက်ညွှန်ကြားရန် နိုင်ငံတော်သမ္မတရုံးက အစိုးရရုံးဌာန အားလုံးသို့ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

အခွန်လုပ်ငန်းတွင် စာရွက်စာတမ်းစနစ်မှ အိုင်တီစနစ်သို့ပြောင်းလဲမည်

အခွန်ကောက်ခံမည့် ရုံးလုပ်ငန်းများလုပ်ဆောင်ရာတွင် မြန်ဆန်သွက်လက်စေရန် ရေရှည်စီမံကိန်းဖြင့် စာရွက်စာတမ်းစနစ်(Paper Base)ဖြင့် လုပ်ဆောင်ခြင်းမှ အိုင်တီနည်းပညာစနစ်သို့ ငါးနှစ်အတွင်း ပြောင်းလဲနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ (more…)


သီပေါမြို့နယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးက ပါဝင်ဆင်နွှဲ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝေဟင်ဓာတုဓမ္မ စေတီတော်မြတ်ကြီးတွင် (၈) ကြိမ်မြောက် သီပေါမြို့လုံးကျွတ် သီလရှင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ဇူလိုင်လ (၁၂) ရက် မွန်းလွဲ (၂) နာရီအချိန်က ကျင်းပရာ သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်အောင် ဦးစီးသော မြို့နယ်ပါတီကော်မတီများ၊ စည်းရုံးရေးမှူးနှင့် ပါတီဝင်များ၊ ပါတီရုံးဝန်ထမ် များမှ သိီလရှင် (၄၁၅) ပါးအတွက် ဆွမ်းဆန် (၅ )အိတ် လောင်းလှူခဲ့ကြသည်။

THiBaw3

(more…)


ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ (၄) ခရိုင်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပပြီးစီး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၆) ခရိုင်ရှိရာတွင် ကျောက်မဲခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၄) ရက်တွင်လည်းကောင်း၊ မိုးမိတ် ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၆) ရက်တွင်လည်းကောင်း၊ လားရှိုးခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၈) ရက်တွင် လည်းကောင်း၊ မူဆယ်ခရိုင်ပါတီ မျက်နှာစုံညီ အစည်းအဝေးများကို ဇူလိုင် (၁၀) ရက်တွင်လည်းကောင်း အောင်မြင်စွာ ကျင်းပပြီးစီးပြီး ခဲ့ကြောင်း သိရသည်။

SKK5

(more…)


ဘုရားပရ၀ုဏ် စိမ်းလန်းစိုပြေရေး တံတားဦးပြည်ခိုင်ဖြိုးက သစ်ပင်များစိုက်ပျိုးပေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမြန်လမ်းဘေး စကားအင်း တိုးဂိတ်အနီးရှိ တည်ထားကိုးကွယ်သော သမ္ဗုဒ္ဒေဘုရားပရဝုဏ်တွင် စိမ်းလန်းစိုပြေရန် အတွက် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ (ဇူလိုင် ၁၃ ရက်) နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ ခရိုင်/မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးပါတီဝင်များမှ စုပေါင်း၍ သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင်ပါတီ မျက်နှာစုံညီနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနား ကျင်းပပြီးစီး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၁၀) ရက် နံနက် (၁၀) နာရီ အချိန်က မူဆယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပပြီးစီးခဲ့ပြီး အခမ်းအနားတွင် ခရိုင်ပါတီ ကော်မတီ အား ပြန်လည်ရွေးချယ်ဖွဲ့စည်းရာ ခရိုင်ပါတီကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးစိုင်းမောင်လှိုင်၊ ခရိုင်ပါတီ အတွင်းရေးမှူးအဖြစ် ဦးမိုင်းမြတ်အောင်နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းအိုက်ပေါင်းတို့အား ရွေးချယ် ခဲ့ကြောင်း သိရသည်။

ဓနုဖြူပြည်ခိုင်ဖြိုး ဒေသဖွံ့ဖြိုးရေး ၀ိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်

13645335_136696710093076_1125989730149741610_n

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် (၁၅) ရပ်ကွက်တွင် သွားလာရန် ခက်ခဲသော လမ်းသွယ် ပြုပြင်နေမှုအား ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ ဇူလိုင် (၁၂) ရက်နေ့က သွားရောက်ကြည့်ရှု၍ အလှူငွေများ လှူဒါန်းပေးခဲ့ပြီး ရပ်ကွက်စည်းမှူးများမှ လမ်းခင်းနေမှုတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျှက်ရှိကြောင်း သတင်းရရှိသည်။

လားရှိုးခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်း

Lae Show6

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင် (၈) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး လားရှိုးခရိုင်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးတန်ဂွန်း၊ ခရိုင်ပါတီ အတွင်းရေးမှူးအဖြစ် ဦးစိုးဝင်းနှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးသန်းစိုးတို့အား ရွေးချယ်၍ ခရိုင်ပါတီ ကော်မတီအား ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်ပြည်ခိုင်ဖြိုး ပုံမှန်လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၁၁)ရက် နေ့လည် (၂) နာရီခွဲအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီအတွင်းရေးမှူး ဦးဆိုင်းလမှ ဇူလိုင်လ (၁၆) ရက်တွင် ကျင်းပပြုလုပ် မည့် မြို့နယ်ပါတီမျက်နှာစုံညီအစည်းအဝေး ဆပ်ကော်မတီအလိုက် လုပ်ငန်းများကို ဇူလိုင် (၁၅) ရက်နေ့ အပြီး ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များ တင်ပြသွားရန် ပြောကြားခဲ့ပြီး ဆပ်ကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် တင်ပြဆွေးနွေးခဲ့ ကြသည်။

အမရပူရပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

အမရပူရမြို့နယ် ဆင်ရွာမြင်းမူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော်ရင်ပြင်တွင် ယနေ့ နံနက်(၀၈း၀၀)အချိန်တွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်းပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်များမှ ပြည်ခိုင်ဖြိုးအဖွဲ့များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသိန်းထွန်းဦးနှင့်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများများမှ ပြည်ခိုင်ဖြိုးများ စုစုပေါင်း(၁၃၀)ကျော်ခန့်တက်ရောက်ခဲ့ကြပြီး စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။