ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် အောက်တိုဘာမှစတင်ကာ လစာခံစားခွင့်ရမည်

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ (၁) ရက်မှစတင်ကာ လစာ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သိရသည်။ (more…)


ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်အစိုးရ လက်ထက်က အသိအမှတ်ပြုထားရှိသည့် လယ်မြေပြဿနာများ ဖြေရှင်းရေးအဖွဲ့များ၊ တရားဥပဒေစိုးမိုးရေး စောင့်ကြည့်မှုအဖွဲ့များအား အစိုးရသစ် လက်ထက်တွင် ဆက်လက် မထားရှိတော့ဟု သိရ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်ဝန်ကြီးချုပ် ဦးဆောင်သည့် တိုင်းဒေသကြီးအစိုးရမှ အသိအမှတ်ပြုထားရှိကာ လုပ်ပိုင်ခွင့်အချို့ ပေးထားခဲ့သော အစိုးရအဖွဲ့ မဟုတ်သော လယ်ယာမြေပြသနာများ ဖြေရှင်းရေးအဖွဲ့များ၊ တရားဥပဒေ စိုးမိုးရေး လေ့လာစောင့်ကြည့်မှုအဖွဲ့များအား ၀န်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆက်လက် မထားရှိတော့ကြောင်း သတင်းရရှိသည်။ (more…)


ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌမိသားစုနှင့် ပါတီဝင်များ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဒေါ်လှယဉ် (ဝိသာခါ) ဓမ္မာရုံကြီးတွင် ဇူလိုင် ၂၉ရက် နံနက်အရုဏ်ဦး၌ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းအောင် ဝန်ကြီးချုပ်(ငြိမ်း) ဇနီးဒေါ်ခင်ဌေးမြင့် မိသားစုများက ပုသိမ်မြို့ပေါ် ရပ်ကွက်များနှင့် တစ်ဖက်ကမ်းရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၁၈၄တိုက်တွင် ဝါဆိုဝါကပ်တော် မူကြ သည့်သံဃာတော်အပါး ၂၅၆ဝ တို့အား အရုဏ် ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူခဲ့သည်။

Pathein

(more…)


ရှမ်းပြည်နယ် (မြောက်ပိုင်း) ပါတီမျက်နှာစုံညီ အစည်းအဝေးအကြို ညှိနှိုင်း စည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး အကြိုညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၂၈) ရက် နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ရာ နယ်မြေ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ဆွေ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေးကို ယနေ့ ဇူလိုင်(၂၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန် စတင်ကျင်းပရာ သဘာပတိအဖြစ် ပထမပိုင်းတွင် Dr အောင်ကျော်ထွန်း နှင့် ဒုတိယပိုင်းတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးသက်ထွေးတို့မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားကို ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်၊ပြည်နယ်ပါတီကော်မတီဝင်များ၊ ကြီးကြပ်ရေးကော်မတီများ၊ မော်လမြိုင်ခရိုင်အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မြို့နယ်(၆)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌ၊အတွင်းရေးမှူး၊မြို့နယ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း( ၁၂၅)ဦး တက်ရောက်ခဲ့ကြသည်။

တာချီလိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနိုင်းစည်းဝေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်/မြို့နယ် မျက်နှာစုံညီလုပ်ငန်းညှိနိုင်းစည်းဝေးကို ယနေ့ (ဇူလိုင်လ ၂၉ ရက်) နံနက် (၉)နာရီအချိန်က တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်ပါတီ အလုပ်အမှုဆောင် ဒေါ်တင်မေထွန်းမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများ ရွေးချယ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌနှင့် ဘဏ္ဌာရေးမှူး ရွေးချယ်ပွဲကို ယနေ့ (ဇူလိုင်လ ၂၉) ရက် နံနက်ပိုင်းက မြို့နယ်ပါတီ ယာယီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးဌေးလွင်၊ အတွင်းရေးမှူး အဖြစ် ဦးကျော်စိုးဦး၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်စုလှမြတ်တို့ကို တာဝန်ပေးရွေးချယ်နိုင်ခဲ့ကြကြောင်း သိရှိရသည်။

သံတွဲခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ပွဲကျင်းပ

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံအစည်းအဝေးကို သံတွဲမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၂၈) ရက် နံနက် (၉း၄၀) အချိန်တွင်ကျင်းပခဲ့ရာ သဘာပတိအဖြစ် ဗဟိုကော်မတီဝင် ရခိုင်ပြည်နယ်ပါတီ နာယက ဦးထိန်လင်း၊ ဗဟိုကော် မတီဝင် ဦးရဲထွန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးတင်မောင်သန်း၊ ဦးထွန်းဝေတို့မှဆောင်ရွက်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ပါတီမျက်နှာစုံညီအစည်းအဝေး (၂၀၁၆) အခမ်းအနား ကျင်းပ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပြည်ထောင်စု နယ်မြေ ပါတီမျက်နှာစုံညီအစည်းအဝေးပွဲကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ ပါတီရုံးရှိ အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်၊ ပြည်ထောင်စုနယ်မြေပါတီနာယက ဦးမျိုးညွန့်၊ ဖိတ်ကြားထားသော ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ စုံညီစွာ တက်ရောက်ကြသည်။

မိုးညှင်းခရိုင်ပါတီ စုံညီအစည်းအဝေးကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြဇေယျာ ပရိယတ္တိ စာသင်တိုက်ကြီး အတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်

(၃၀-၇-၂၀၁၆) နေ့တွင်ကျင်းပမည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုရေးပါတီ ခရိုင်မျက်နာစုံညီအစည်းအဝေးနှင့် ရွေးခြယ်တင်မြောက်ပွဲကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရပ်မိရပ်ဖ ဦးညီလေး၊ မိုးညှင်းမြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ ဟိုပင်တာဝန်ခံ ဦးဇော်ထွန်းမြင့်၊ ဦးမြဝင်း၊ ဒေါ်သန္တာဝင်းမောင်၊ ဦးဖုန်းမြင့် ရပ်ကျေးစည်းမှူးများ လူငယ်ကေဒါ ဦးအောင်ကိုဝင်း၊ ဦးရန်အောင်ဝင်း၊ ဒေါ်မြမြဌေး၊ ဒေါ်နန်းအိဖြူ၊ ဒေါ်မေဇွန်ဦး၊ ဟိုပင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ လူငယ်ရေးရာအဖွဲ့များသည် ဇူလိုင် (၂၉) ရက် နံနက် (၇) နာရီ (၄၀) မိနစ်အချိန်က ဟိုပင်မြို့ မြဇေယျာ ပရိယတ္တိ စာသင်တိုက်ကြီး အတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများကို လုပ်အားဒါနပြု
ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။