နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုပေါ်မူတည်ပြီး ရာထူးတိုး မြှင့်ခြင်းခံစားခွင့် ရှိရမည်ဆိုသည့်အချက်ကို နိုင်ငံ့ဝန်ထမ်း ဥပဒေပြင်ဆင်ချက်တွင် ထည့်သွင်း အတည်ပြုထားသည်ဟု သိရသည်။ (more…)
စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာလိုင်စင် ယခုတစ်ပတ်အတွင်း လျှောက်လွှာတင်မည်
ပြည်တွင်း၌ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်လိုင်စင်ကို ပြည်တွင်းတယ်လီကွန်း ကုမ္ပဏီနှင့် ဗီယက်နမ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနထံ ယခုတစ်ပတ်အတွင်း လျှောက်လွှာတင်မည်ဟု သတင်းရရှိသည်။ (more…)
ငလျင်ဒဏ်သင့် ပုဂံဘုရားများပြန် လည်ပြုပြင်ရန် ငြမ်းဆင်ကျွမ်းကျင်သူများလိုအပ်နေ
သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ(ပုဂံ) တွင် ဘုရားပုထိုး စေတီပေါင်း ၄ဝဝ နီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အဆိုပါ ဘုရားပုထိုးစေတီများအား ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ရန် အတွက် စနစ်တကျရှိစေရေး ဆောင်ရွက်ခဲ့ကြသည်။ (more…)
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ လုပ်ငန်းတိုင်းကို အခွန်သက်သာခွင့် မပေးဟုဆို
အသစ်ပြဋ္ဌာန်းမည့်မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၏ ထူးခြားချက်သည် လုပ်ငန်းတိုင်းကို အခွန်သက်သာခွင့် မပေးဘဲ အစိုးရက တိုးမြှင့်လိုသည့် လုပ်ငန်းကဏ္ဍ များတွင်သာ သီးခြားပေးမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ (more…)
ပခုက္ကူတွင် ခွာနာလျှာနာ ဖြစ်ပွားနေသော နွား၊ ၀က်၊ ဆိတ်များ ကုသရေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ဂ၀ံလေးတိုင်ကျေးရွာအုပ်စုတွင် လွန်ခဲ့သော (၅) ရက်ခန့်က နွား၊ ၀က်၊ ဆိတ်များ ခွာနာလျှာနာ အပြင်းအထန် ဖြစ်ပွားနေမှုအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပခုက္ကူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင်တိမွေးကုဌာနတို့ ပူးပေါင်း၍ အဆိုပါရောဂါ ဖြစ်ပွားနေသော နေရာသို့ ပဏာမလေ့လာပြီး ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ယခင်ကလေ့ကျင့်သင်ကြားပေးထားသော တိရစ္ဆာန်ကုသရေး လုပ်သား (ကြက်ခြေပြာ) များဖြင့် အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဌ မော်လမြိုင်ခရိုင်ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း သည် စက်တင်ဘာလ (၁၈) ရက် နံနက် (၁၁) နာရီအချိန်တွင် မော်လမြိုင်ခရိုင်ပါတီရုံးတွင် ခရိုင်ပါတီကော်မတီ ၀င်များအား တွေ့ဆုံခဲ့ပြီး ပါတီလုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ မော်လမြိုင်ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး နှင့် ခရိုင်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်ပါတီကော်မတီအစည်းအဝေးအား တစ်ဆက်တည်း ကျင်းပပြုလုပ်ကာ အစည်းအဝေးကို ညနေ (၃) နာရီခွဲအချိန်တွင် ပြီးဆုံးကြောင်း သိရှိရသည်။
ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ဂုဏ်ပြုဆုချီးမြှင့်ပွဲ တက်ရောက်အားပေး
ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးစီမံချက်မှ ကြီးမှူး ကျင်းပသော နိုင်ငံတကာငြိမ်းချမ်းရေးနေ့ စာစီစာကုံးပြိုင်ပွဲ ဆုရ ကျောင်းသူ/ကျောင်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ (စက်တင် ဘာလ ၂၁ ရက်) နံနက် (၉) နာရီအချိန်တွင် တာချီလိတ်မြို့ (ရွှေမဟာ) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာစန်းရွှေ ကျောက်တော်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
ပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေသည် စက်တင်ဘာ ၂၀ ရက် နံနက် (၁၀) နာရီခွဲက မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ ကော်မတီ ဝင်များနှင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုကော်အလုပ်အမှုဆောင်အပါအဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးလှထွန်း(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးစန်းငွေ၊ မြောက်ဦးခရိုင်ပါတီဥက္ကဋ္ဌ၊ ကျောက်တော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဗဟိုအလုပ်အမှုဆောင်၊ တိုင်းပါတီဥက္ကဋ္ဌ မင်းဘူး(စကု) မြို့နယ်နယ်ပါတီ လုပ်ငန်းတာဝန်ခွဲဝေချထားခြင်း အစည်းအဝေးသို့ တက်ရောက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ မင်းဘူး(စကု)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်းတာဝန် ခွဲဝေချထားခြင်း အစည်းအဝေးကို စက်တင်ဘာလ (၁၉) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ရာ ပါတီဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့် ဗဟိုကော်မတီဝင် ဦးကျော်သူဦး၊ ဦးအောင်နိုင်၊ တိုင်းအရံပါတီကော်မတီဝင် ဦးအေးသူ၊ ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဦးမောင်ဌေး
ပုသိမ်ခရိုင်ပါတီနှင့် ပုသိမ်မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခမ်းမ၌ စက်တင်ဘာလ (၂၀) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် ကျင်းပသော ပုသိမ်ခရိုင်နှင့် ပုသိမ်မြို့နယ် ကော်မတီဝင်များ တွေ့ဆုံပွဲသို့ ပုသိမ်ခရိုင်တာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာထိန်ဝင်း၊ နှင့် ဒေါ်ခင်စောမူ၊ ခရိုင်ပါတီဥက္ကဌ ဦးစိုးဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပုသိမ်မြို့နယ် ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။